နွားရေတိုက်ဖို့ ဆွစ်ဇာလန်စစ်ရဟတ်ယာဉ်များ ပြင်သစ်နိုင်ငံတွင်းကရေကို လာခိုးယူ သဖြင့်ဝေဖန်မှု များဖြစ်ပွား

နွားရေတိုက်ဖို့ ဆွစ်ဇာလန်စစ်ရဟတ်ယာဉ်များ ပြင်သစ်နိုင်ငံတွင်းကရေကို လာခိုးယူ သဖြင့်ဝေဖန်မှု များဖြစ်ပွား

ဆွစ်ဇာလန်စစ်တပ်မှ ရဟတ်ယာဉ်များက ရေငတ်နေသည့် နွားများအတွက် နယ်စပ်ဖြတ်ပျံကာ ပြင်သစ်နိုင်ငံတွင်းက ရေကို လာရောက်ခပ်ယူသွားကြသဖြင့် ပြင်သစ်တာဝန်ရှိသူများက ဝေဖန်ခဲ့သည်။

ယင်းလုပ်ရပ်သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ ရော့စေးကန်မှ ရေကို ဆွစ်ဇာလန်စစ်ရဟတ်ယာဉ်များက လာရောက်ခပ်ယူသွားကြခြင်းဖြစ်သည်။

နယ်စပ်ဖြတ်ကျော်ကာ စစ်ရဟတ်ယာဉ်များ ဝင်ရောက်ခြင်းကို ပြင်သစ်နိုင်ငံက ဝေဖန်ခြင်းဖြစ်သည်။

ဆွစ်ဇာလန်စစ်တပ်က ရေလာရောက်ခပ်ယူခြင်းကို ပြင်သစ်လေတပ်၏ ခွင့်ပြုချက်ရယူပြီးမှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဒေသအာဏာပိုင်များထံ ခွင့်ပြုချက်တော့ တောင်းခံခဲ့ခြင်းမရှိကြောင်း နိုင်ငံတွင်း မီဒီယာများတွင် ဖော်ပြသည်။

အပူလှိုင်းကြောင့် နွားများ ရေဓာတ်ကုန်ခမ်းနေခြင်းအတွက် ကယ်ဆယ်ရေးအလို့ဌာ ရေလိုအပ်သဖြင့် ယခုကဲ့သို့ ရေလာရောက်ခပ်ခြင်းဖြစ်သည်။

”ဒီလို ဖြစ်ရပ်မျိုးလည်း ပေါ်ပေါက်လိမ့်မယ်လို့ ထင်ကို မထားဘူး။”ဟု ပြင်သစ်နိုင်ငံ လီရော့စေးလက်ထောက်မြို့တော်ဝန် ခရစ္စတိုဖီမာသဲက ပြောခဲ့သည်။

သို့သော် ဆွစ်ဇာလန် စစ်တပ်မှ တာဝန်ရှိသူ ဒင်နစ်ဖရိုက်ဗတ်က ”သူတို့ဖက်က လာရောက်ပြောဆိုတာနဲ့ ဒါဟာ ဆက်ဆံရေးကို ပြဿနာဖြစ်ပွားစေမယ်ဆိုပြီး ကျွန်တော်တို့ နွားတွေအတွက် ရေလာယူတာကို ချက်ချင်း ရပ်ပစ်ခဲ့တာဖြစ်ပါတယ်။”ဟု လီမာတင်သတင်းစာသို့ ပြောကြားခဲ့သည်။

ဆွစ်ဇာလန် စစ်ရဟတ်ယာဉ်များ ဝင်ရောက်လာခြင်းကြောင့် ဒေသခံများနှင့် ရေကူးနေသည့် တိုးရစ်များ အထိတ်တလန့်ဖြစ်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly