အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒေါ်နယ်ထရမ့်နှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု နေတန်ယာဟုပြော

အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒေါ်နယ်ထရမ့်နှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု နေတန်ယာဟုပြော

တယ်လ်အဲဗစ်၊ မတ် ၂၈ ။             ။ ပါလက်စတိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်အတူ လက်တွဲလုပ်ဆောင်သွားမည်   ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။

“အစ္စရေးရဲ့ လက်နဲ့ ကျွန်တော်ရဲ့ လက်တွေကို ငြိမ်းချမ်းရေးမှာ အိမ်နီးချင်းနိုင်ငံတွေထံ ကမ်းလင့်ထားပါတယ်။”ဟု ၀ါရှင်တန်တွင် ကျင်းပသည့် အမေရိကန်-အစ္စရေးပြည်သူ့ရေးရာကော်မတီ နှစ်ပတ်လည်အစည်းအဝေးတွင် ဗီဒီယိုမိန့်ခွန့်အတွင်း နေတန်ယာဟုက ပြောသည်။

“အစ္စရေးနဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေအနေနဲ့က ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီ လှမ်းချီဖို့ အခွင့်အလမ်းပွင့်လန်းနေတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပိုမိုကြွယ်ဝတဲ့၊ ပိုမိုလုံခြံုတဲ့၊ ပိုပြီငြိမ်းချမ်းတဲ့ အနာဂတ်ဆီကိုပါ။”ဟု ၎င်းက ဆိုသည်။

ပါလက်စတိုင်းနိုင်ငံသို့လည်း “ကလေးငယ်တွေကို အမုန်းတရားတွေ သင်ကြားပေးနေတာ ရပ်သင့်တယ်။ အကြမ်းဖက်စိတ်ဓာတ် ပျိုးထောင်ပေးနေတာ ရပ်သင့်ပါတယ်။ နောက်ပြီး ဂျုးနိုင်ငံတော်ကို အသိအမှတ်ပြုရမှ ဖြစ်တယ်။”ဟု နေတန်ယာဟုက ရည်ညွန်းပြောသည်။

“အစ္စရေးမှာ အမေရိကန်ထက် ကောင်းမွန်တဲ့ မိတ်ဆွေ မရှိသလို အမေရိကန်အတွက်လည်း အစ္စရေးလောက် ကောင်းမွန်တဲ့ မိတ်ဆွေမရှိဘူး။ နှစ်နိုင်ငံကြားက မဟာမိတ်ဆက်ဆံရေးက လာမည့်နှစ်တွေမှာ ပိုမိုမြင့်မားလာမှာလည်းဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags