မြန်မာ-အိန္ဒိယပွဲစဉ်အတွက် သုဝဏ္ဏကွင်းအတွင်း CCTV များနှင့် လုံခြံုရေး အပြည့်အဝဆောင်ရွက်ထား

မြန်မာ-အိန္ဒိယပွဲစဉ်အတွက် သုဝဏ္ဏကွင်းအတွင်း CCTV များနှင့် လုံခြံုရေး အပြည့်အဝဆောင်ရွက်ထား
(ဓာတ်ပုံ - MFF)

မတ်လ (၂၈)ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကြမယ့် မြန်မာ-အိန္ဒိယပွဲစဉ် (အာရှဖလားခြေစစ်ပွဲ) အတွင်း လာရောက် ကြည့်ရှုတဲ့ ပရိသတ်များ လုံခြံုစိတ်ချရေးအတွက် သုဝဏ္ဏကွင်းအတွင်း CCTV များကို တပ်ဆင်ထားပြီး စောင့်ကြည့်သွားမှာဖြစ်သလို သက်ဆိုင်ရာရဲဝန်ထမ်းများအပြင် Steward ၂၀၀ ဦးကိုလည်း ထပ်မံ ငှားရမ်းကာ တာဝန်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ဆူဇူကီးပွဲစဉ်များတွင်လည်း ယခုနည်းတူ လုံခြံုရေးအစီအစဉ်များကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဆူဇူကီးပွဲစဉ်မှာ မြန်မာပရိသတ်များ စည်းကမ်းရှိစွာ စနစ်တကျ အားပေးမှုများကို လေးစားစွာ တွေ့မြင်ခဲ့ရပြီးဖြစ်တဲ့အတွက် မြန်မာ-အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်မယ့် ပွဲစဉ်တွင်လည်း မြန်မာအသင်းကို နိုင်ငံကြီးသားပီသတဲ့ အပြုအမှုများဖြင့် အစွမ်းကုန်အားပေးကြမယ်လို့ ယုံကြည်ပါတယ်။

လာရောက် အားပေးတဲ့ ပရိသတ်များအနေဖြင့် မျိုးဆက်သစ်လူငယ်များ အတုယူမှားစေနိုင်တဲ့ ကွင်းအတွင်း ညစ်ညမ်းစွာ ဆဲရေး တိုင်းထွာမှုများ မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပြီး အရက်သေစာ မူးယစ်သောက်စားထားသူများကိုလည်း ကွင်းအတွင်းဝင်ရောက်ခွင့် ပြုမည်မဟုတ်သလို ကွင်းအတွင်းသို့ခွင့်ပြုချက်မရတဲ့ တူရိယာပစ္စည်းများ၊ အခြားကန့်သတ်ပစ္စည်းများကို သယ်ဆောင်ခွင့်ပြုမှာမဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်လို့ MFF က ထုတ်ပြန်ထားပါတယ်။

Ref; MFF    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly