မြန်မာမှ ဆံပင်ဝယ်အား ကောင်းနေ၍ အိန္ဒိယမှ တင်ပို့မှုများပြားလာ

မြန်မာမှ ဆံပင်ဝယ်အား ကောင်းနေ၍ အိန္ဒိယမှ တင်ပို့မှုများပြားလာ

ဇူလိုင် ၂၉ ရက် ။      ။ မြန်မာနိုင်ငံတွင် ဆံပင်ဝယ်လိုအား ကောင်းနေသဖြင့် အိန္ဒိယနိုင်ငံ တီရူချီနိုင်ငံတကာလေဆိပ်မှ တင်ပို့နေသည်။

ယခုနှစ် ဇန်နဝါရီမှစကာ တီရူချီလေဆိပ်မှ ရန်ကုန်သို့ တင်ပို့ခဲ့ရသည့် ဆံပင်တန်ချိန်သည် ၁၅ တန်ခန့် ရှိကြောင်း လေဆိပ်သတင်းရင်းမြစ်များက ပြောသည်။

” မြန်မာနိုင်ငံတွင်း ဆံပင်တင်ပို့တာ တကယ်ကို များပြားလာတဲ့ ပမာဏအထိ ခုန်တက်ခဲ့တာပဲ။ နှိုင်းယှဉ်ကြည့်ရင် ပြီးခဲ့တဲ့နှစ်က တင်ပို့ရတာက ၁ ဒသမ ၄ တန်ပဲ ရှိခဲ့တာပါ။ ဘန်ဂလောနဲ့ ချင်နိုင်းတို့က ဆံပင်ကုန်သည်တွေကတစ်ဆင့် တီရူချီလေဆိပ်ကနေ တင်ပို့နေတာ ဖြစ်ပါတယ်။” ဟု လေဆိပ်အရာရှိတစ်ဦးက ပြောသည်။

ထိုသို့တင်ပို့ရာတွင် အဲအေရှလေယာဉ်များဖြင့် မလေးရှားနိုင်ငံကူလာလမ်ပူမှတစ်ဆင့် ရန်ကုန်သို့ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြသည်။

တီရူချီ-ကူလာလမ်ပူ-တီရူချီ အသွားအပြန် လေကြောင်းခရီးစဉ် ၂၁ ခုမှ ခရီးသည်တင် လေယာဉ်များကို အသုံးပြု သီတင်းရက်ပတ်စဉ်တိုင်း တင်ပို့နေခြင်းဖြစ်သည်။

”ဆံပင်တင်ပို့မှုက ပုံမှန်ကုန်ပစ္စည်းတင်ပို့မှုမျိုး မဟုတ်ဘဲ ပျက်စီးနိုင်တဲ့ ကုန်ပစ္စည်းစာရင်းဝင်ဖြစ်ပါတယ်။ တီရူချီလေဆိပ်ကနေ ပို့ကုန်တင်ပို့မှုရဲ့ ၉၀ ရာခိုင်နှုန်းက ဆံပင်တင်ပို့မှု ဖြစ်ပါတယ်။ လေဆိပ်ရဲ့ ဝင်ငွေကို အားဖြည့်ပေးနေတာပဲ ဖြစ်ပါတယ်။” ဟု အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref; The Hindu

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly