ရွှေပြည်စံဇာတ်အဖွဲ့ကို တင်ဆောင်လာသောယာဉ်တိမ်းမှောက် ၂ဦးသေဆုံး၊ ၁၈ဦးဒဏ်ရာရ

ရွှေပြည်စံဇာတ်အဖွဲ့ကို တင်ဆောင်လာသောယာဉ်တိမ်းမှောက် ၂ဦးသေဆုံး၊ ၁၈ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်မြို့ ရွှေပြည်စံဇာတ်အဖွဲ့ တင်လာသောကားတစ်စီး ရခိုင်ပြည်နယ်၊ တောင်ကုတ်မှအပြန် မိုးထိတောင် ပဲခူးညောင်ချိုးအနီး ယနေ့ မတ်လ ၂၇ရက် နေ့လည် ၂း ၄၅ အချိန်တွင် တိမ်းမှောက်ခဲ့သည်။ 

ယဉ်တိမ်းမှောက်မှုကြောင့် ဇာတ်အဖွဲ့သားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရရှိကာ ဥသျှစ်ပင်ဆေးရုံတွင်ကုသခဲ့ရသည်။ အသက်အန္တရာယ်စိုးရိမ်ရသော လူနာအချို့အား ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့ကုသနေကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly