စစ်အစိုးရလက်ထက်က သိမ်းဆည်းထားတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်

စစ်အစိုးရလက်ထက်က သိမ်းဆည်းထားတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်

စစ်အစိုးရလက်ထက်က သိမ်းဆည်းထားသည့် လယ်ယာမြေများကို ပြန်လည်ရရှိရေးအတွက် ဆရာတော်ဦးပါမောက္ခ ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ပွဲ တစ်ခုကို မတ်လ ၂၇ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ လယ်မြေများကို ပြန်လည်ရရှိရန် တောင်းဆိုခဲ့ကြပြီး ဆရာတော်ဦးပါမောက္ခကို ပါဝင်ကူညီပေးရန် တောင်းဆိုထားသောကြောင့် ဆရာတော်လာရောက်ခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် လယ်သမားတစ်ဦးက ပြောသည်။

"၂၀၁၂ လယ်ယာမြေဥပဒေနဲ့ အညီ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဘုန်းကြီးတို့က တောင်းဆိုသွားမယ်" ဟု ဆရာတော် ဦးပါမောက္ခက မိန့်သည်။ 

လယ်ယာမြေများကို ပြန်လည်ရရှိရန် ယခင်အစိုးရများ လက်ထက်က အကြိမ်ကြိမ်တိုင်ကြားစာတင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း လုပ်ဆောင်ပေးခြင်း မရှိသည့်အတွက် ယခုအစိုးရကို အားကိုးသည့်အနေဖြင့် တောင်းဆိုခြင်း ဖြစ်ကြောင်း လယ်သမားတစ်ဦးက ဆိုသည်။

"ဒီအစိုးရ တက်လာတဲ့ အပေါ်မှာတော့ အစ်ကိုတို့က ဒါတွေနဲ့ ပတ်သတ်လို့ ထုတ်ဖော်ချင်တယ်၊ ပြောပြချင်တယ်။ သက်ဆိုင်ရာလူကြီးတွေကို သိစေချင်တယ်။ အတတ်နိုင်ဆုံး နိုင်ငံတော်အစိုးရမှာလည်း အရေးကြီးတဲ့ ပလန်တွေ ရှိတယ်ဆိုတာ အစ်ကိုတို့ နားလည်တယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာလည်း လယ်သမားတွေဘက်ကို ငဲ့ကြည့်စေချင်တယ်၊ ဦးစားပေးစေချင်တယ်" ဟု လယ်သမား ဦးကျော်ခိုင်က ပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင် ဆန္ဒပြသူ တစ်ရာခန့်က မဟာဗန္ဓုလပန်းခြံကို တစ်ပတ်ပတ်ပြီး လယ်ယာမြေ ပြန်လည်ရရှိရေး ဆိုင်းဘုတ်များကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။ ဒဂုံတက္ကသိုလ် အနီးတဝိုက်မှ လယ်မြေများ အပါအဝင် လယ်ဧကပေါင်း (၂၃၆၉.၀၅) သည် သိမ်းဆည်းခံလယ်မြေများတွင် ပါဝင်နေသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly