လက်​ပံ​တောင်​း​ဒေသခံများကို ပစ်ခတ်မှုအတွက်​ အစိုးရကို ရှုံ့ချကာ ပြည်မြို့တွင် ဆန္ဒပြ

လက်​ပံ​တောင်​း​ဒေသခံများကို ပစ်ခတ်မှုအတွက်​ အစိုးရကို ရှုံ့ချကာ ပြည်မြို့တွင် ဆန္ဒပြ

ပြည်၊ မတ် ၂၇ ။             ။ လက်​ပံ​တောင်​းတောင်​ ဒေသခံများကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ကာ ဖြိုခွဲခြင်းအပေါ် ပဲခူးတိုင်​း ပြည်​ခရိုင်​ ပြည်​မြို့မှနိုင်​ငံ​ရေး နှင်​့ လူမှုရေးတက်​ကြွလှုပ်ရှားသူ ၂၀ခန်​့က ​မတ်​လ ၂၇ ရက်​တွင် ရှုံ့ချဆန္ဒပြခဲ့ကြသည်။

"​ဟောဒီအစိုးရ ဝမ်​​ပေါင်​ကိစ္စဖျက်​သိမ်​း မ​ပေးမချင်​း အလိုမရှိကြောင်​း ကျ​နော်​ဒီ​နေရာကနေ ​ကြေငြာလိုက်​ပါတယ်​"ဟု တရားလွှတ်​​တော​်​​ ​ရှေ့​နေဟောင်​း ဦးမြင်​့​အေးက ဆန္ဒပြပွဲတွင်​ ​ပြောသည်​။

ဦးသိန်​းစိန်​အစိုးရလက်​ထက်​က ​ဒေါ်​အောင်​ဆန်​းစုကြည်​ကိုယ်​တိုင်​ ​ရေးသားခဲ့သည်​့ စုံစမ်​းစစ်​​ဆေး​ရေးအစီရင်​ခံစာကိုလည်​း ယခု အစိုးရလက်​ထက်​တွင်​ အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​ခြင်​းမရှိသေးကြောင်း ဦးမြင်​့​အေးက ​ထောက်​ပြသည်​။

"အစိုးရက လုပ်​မ​ပေးနိုင်​တာကို လုပ်​မ​ပေးနိုင်​ဘူးလို့​ပြောရမယ်​။ အခု​တော့ အစိုးရကလည်​း လုပ်​မ​ပေးနိုင်​တာကို လုပ်​​ပေး​တော့မလို အစီရင်​ခံစာ​တွေထွက်​ လယ်​သမား​တွေက အစီရင်​ခံစာဖတ်​ပြီးနှစ်​သိမ်​့ နေရတယ်​။ တကယ်​့ လက်​​တွေ့မှာဘာမှဖြစ်​မလာဘူး"ဟု နိုင်​ငံ​ရေးတက်​ကြွလှုပ်ရှားသူ ကိုဝင်​းလှိုင်​က ​​ပြောသည်​။

ယခုအ​ရေးကိစ္စတွင်​ အစိုးရက ပြည်​သူလူထုဘက်​မှ တာဝန်ယူ၊ တာဝန်ခံကာ ရပ်​တည်​​​ဖြေရှင်​း​ပေးရန်​လိုအပ်သည်ဟု ကိုဝင်းလှိုင်က ဟောပြောခဲ့သည်။

ဝမ်​​ပေါင်​ကုမ္ပဏီ နှင်​့ ချုပ်​ဆိုထား​သော စာချုပ်​ပါအချက်​များကို အစိုးရက ပြည်​သူလူထုကိုအသိ​ပေးရန်​လိုအပ်​ပြီး ​ဒေသခံများ ထိခိုက်​​စေမည်​့ အချက်​အလက်​များပါရှိပါက ဖျက်​သိမ်​းရန်​နှင်​့ ​နောက်​ထပ်​တိုးစာချုပ်​များ မချုပ်​ဆိုရန်​ လူမှုအဖွဲ့ဝင်​တစ်​ဦးဖြစ်​သူ မဇင်​မာဝင်​းက ​ပြောသည်​။

ထို​နေ့ နံနက်​ ၁၁နာရီတွင်​ ပြည်​မြို့ ဗိုလ်​ချုပ်​​ကျောက်​ရုပ်​အနီး လူငယ်​့ရိပ်​မြံုရှေ့တွင်​ ဆန္ဒပြ​ဟော​ပြောခဲ့ကြသည်​။ ဆန္ဒပြသူများသည်​ "လက်​ပံ​တောင်​း​တောင်​ ​ကြေးနီစီမံကိန်​းဖျက်​သိမ်​း​ရေး ဒို့အ​ရေး၊ အကြမ်​းဖက်​မှုများ ချက်ချင်​းရပ်​၊ ဦးပိုင်​ ဝမ်​​ပေါင်​ ကျဆုံးပါ​စေ စသည့် ​ကြွေး​ကြော်​သံများ ကို ​ကြွေး​ကြော်​ခဲ့သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly