နေမာအတွက် မန်ယူအသင်း ယူရိုသန်း ၂၀၀ ပေးရန် အဆင်သင့်ရှိနေသည်ဟု ဘာစီလိုနာအခြေစိုက်သတင်းစာ ဖော်ပြ

နေမာအတွက် မန်ယူအသင်း ယူရိုသန်း ၂၀၀ ပေးရန် အဆင်သင့်ရှိနေသည်ဟု ဘာစီလိုနာအခြေစိုက်သတင်းစာ ဖော်ပြ

မတ် ၂၇၊ စပိန် ။             ။ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းသည် ဘရာဇီးတိုက်စစ်မှူးနေမာအတွက် ယူရိုသန်း ၂၀၀ ပေးရန် အဆင်သင့်ရှိနေကြောင်း ဘာစီလိုနာအခြေစိုက် အားကစားသတင်းစာတစ်ခုမှ ဖော်ပြသွားခဲ့သည်။

ထိုသတင်းစာ၏ ဖော်ပြမှုတွင် မန်ယူအသင်းသည် နေမာအတွက် ဘာစီလိုနာအသင်းအလိုရှိသော လျော်ကြေးငွေကို ပေးရန် အသင့်ရှိနေသလို နေမာကို ပရီးမီးယားလိဂ်တွင် လစာငွေအကောင်းဆုံး ကစားသမားဖြစ်လာစေရန် တစ်ပတ်လစာငွေ ပေါင် ၄၁၀,၀၀၀ ပေးချေရန် အသင့်ရှိနေသည်ဟု ပါရှိသည်။

မန်ယူအသင်းသည် ဂျူဗင်တပ်စ်အသင်းမှ ကွင်းလယ်လူပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ခေါ်ယူခဲ့သည့် အသင်းဖြစ်သည်။ ယခု နေမာအတွက်   ပေးချေမည့်   ပြောင်းရွှေ့ကြေးမှာလည်း ကမ္ဘာ့ဘောလုံးလောကတွင် အမြင့်မားဆုံးဖြစ်လာမည် ဖြစ်သည်။

နေမာသည် ဘာစီလိုနာအသင်းတွင် အခြေကျနေပြီ ဖြစ်သော်လည်း ၎င်း၏ အပြောင်းအရွှေ့သတင်းများမှာ အမြဲထွက်ပေါ်လျက်ရှိနေခဲ့ပြီး ချယ်လ်ဆီးအသင်းကလည်း ခေါ်ယူလိုနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags