WY ဆေးပြား ၁၈၀၀၀၀ ကျော် ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

WY ဆေးပြား ၁၈၀၀၀၀ ကျော် ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
 ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

မတ် ၂၆၊ ။             ။ မောင်တောမြို့နယ်အတွင်း  WY ဆေးပြား ၁၈၀၀၀၀ ကျော် ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ တပ်မတော် (ရေ)မှ  ကင်းလှည့်စဉ် ဦးရှည်ကျချောင်းဝအနီး၌ မတ် ၂၅ ရက် ည ၁၀ နာရီ တွင်  မသင်္ကာဖွယ် လောင်းလှေတစ်စီးအား တွေ့ရှိ၍ မီးအချက်ပြခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

မတ်လ ၂၅ ရက်၊ ည ၁၀ နာရီ မိနစ်၄၀ တွင် ရွက်ညိုတောင်ချောင်းဝ၏ အနောက်ဘက် မီတာ ၂၀၀၀ ခန့် အကွာအရောက်၌ အလျားပေ ၂၀ ၊ အနံ ၃ ပေခန့်ရှိသော လောင်းလှေတစ်စီးအား တွေ့ရှိ၍ သွားရောက်စစ်ဆေးရာ မသင်္ကာဖွယ်အထုပ်တစ်ထုပ်အတွင်းမှ ငွေကျပ် သိန်းပေါင်း ၃၆၀၀ တန်ဖိုးရှိ  WY ဆေးပြား ၁၈၀၀၀၀ ပြား များအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းခဲ့သော လောင်းလှေတစ်စီးနှင့် မူးယစ်ဆေးဝါးများကို မောင်တောမြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ပြီး အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly