သူပုန်တရားရုံးမှ ယီမင်သမ္မတအား သေဒဏ် ပြစ်ဒဏ်ချမှတ်

သူပုန်တရားရုံးမှ ယီမင်သမ္မတအား သေဒဏ် ပြစ်ဒဏ်ချမှတ်

 မတ် ၂၆ ။            ။ ယီမင်နိုင်ငံအတွင်း သောင်းကျန်းသူများ ထိန်းချုပ်ရာနယ်မြေမှ မြို့တော်ရှိ သူပုန်တရားရုံးက သမ္မတ အဘီဒရက်ဘို မန်ဆောဟာဒီအား နိုင်ငံတော်သစ္စာဖောက်မှုအတွက် ကြီးလေးသော ပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ခဲ့ကြောင်း သူပုန်သတင်းအေဂျင်စီမှ ထုတ်ပြန်ခဲ့သည်။

ယီမင်နိုင်ငံ၌ သောင်းကျန်းသူများက မြို့တော် ဆာနာအား စီးနင်းခဲ့အပြီးတွင် ဆော်ဒီမှဦးဆောင်သော ယာယီညွန့်ပေါင်းအဖွဲ့မှ ဟာဒီ၏အစိုးရအဖွဲ့ကို ထောက်ပံ့သည့်အနေဖြင့် ဟွတ်သီသူပုန်များအား လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်လာခဲ့သည်မှာ ယနေ့တနင်္ဂနွေနေ့တွင် ၂ နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

သူပုန်တရားရုံးမှ ဟာဒီသည် လွန်ခဲ့သော ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် သူ၏သမ္မတသက်တမ်း ကုန်ဆုံးချိန်၌ ရာထူးအား အလွဲသုံးစားလုပ်ခြင်း၊ ဆော်ဒီ၏ တိုက်ခိုက်မှုကို ခံရအောင် သွေးထိုးလှုံ့ဆော်ပေးခြင်း၊ ယီမင်သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနှင့် တည်တံ့ခိုင်မြဲမှုကို လျော့ပါးစေခြင်းတို့အတွက် အပြစ်ရှိသည်မှာ ထင်ရှား သောကြောင့် ယခုလိုအမိန့်ချမှတ်ခဲ့ခြင်း   ဖြစ်သည်ဟု သူပုန်ထိန်းချုပ်ထားသော ဆာဘာ သတင်းဌာနမှ စနေနေ့ အနှောင်းပိုင်းတွင် ကြေညာခဲ့သည်။

ဒါ့အပြင် ဟာဒီ၏အစိုးရအဖွဲ့မှ အဖွဲ့ဝင် ၆ဦးကိုလည်း နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သေဒဏ်ချမှတ်ကြောင်း ယင်းသတင်းဌာနမှ ပြောခဲ့သည်။

ယနေ့တနင်္ဂနွေနေ့၌ ဟွတ်သီသူပုန်များအား ထောက်ခံသူပေါင်း ထောင်သောင်းချီ၍ မြို့တော်ဆာနာ၏ လမ်းမများပေါ်၌ စစ်ပွဲအတွင်း ဆော်ဒီအာရေဗျ၏ အခန်းဏ္ဍကို ဆန့်ကျင်သည့်အနေဖြင့် လူထုချီတက်ပွဲတစ်ခု ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly