တပ်မတော်ပန်းခြံသို့ အခမဲ့ ဝင်ရောက်နိုင်

တပ်မတော်ပန်းခြံသို့ အခမဲ့ ဝင်ရောက်နိုင်
မတ်လ ၂၇ ရက်က ကျရောက်သည့် ၇၁ ကြိမ်မြောက် တပ်မတော်နေ့တွင် တပ်မတော်ပန်းခြံအတွင်း မီးရူးမီးပန်းများ နှင့် မီးအလှဆင်ထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည))

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်ပန်းခြံအား ၂၀၁၇ ခုနှစ်၊ မတ် ၂၇ ရက် ညနေ ၅ နာရီမှ ည ၉ နာရီအထိ မည်သူမဆို အခမဲ့ဝင်ရောက်အပန်းဖြေလေ့လာနိုင်ပါသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ထုတ်ပြန်သည်။

တပ်မတော်ပန်းခြံအတွင်း၌ ရေပန်းများ၊ မီးအလှများ တပ်ဆင်ထားရှိပြီး တပ်မတော်နေ့ အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားမင်းမြတ်သုံးပါးရုပ်တုများအပြင် ဇေယျာသီရိကုန်တိုက်၊ ကလေးကစားကွင်း၊ ရေကူးကန်၊ စားသောက်ဆိုင်များတွင် လာရောက်အပန်းဖြေလေ့လာနိုင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly