ရွန်နီ၏ အင်္ဂလန်လက်ရွေးစင်ဘဝ အဆုံးမသတ်သေးဟု ဆောက်ဂိတ်ပြော

ရွန်နီ၏ အင်္ဂလန်လက်ရွေးစင်ဘဝ အဆုံးမသတ်သေးဟု ဆောက်ဂိတ်ပြော

မတ် ၂၆၊ လန်ဒန်။            ။ ဝိန်းရွန်နီ၏ လက်ရွေးစင်ကစားသမားဘဝမှာ အဆုံးမသတ်သေးဟု အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂရတ်ဆောက်ဂိတ်က ရှင်းလင်းပြောဆိုလိုက်သည်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးသည် ဂျာမနီနှင့်ခြေစမ်းပွဲ၊ လစ်သူယေးနီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတို့တွင် ဒူးဒဏ်ရာကြောင့်အပြင် ကလပ်အသင်းနှင့်ပွဲထွက်ခွင့်နည်းပါးမှုကြောင့် အင်္ဂလန်အသင်းလူစာရင်းမှချန်လှပ်ခံခဲ့ရသည်။

အသက် ၃၁ နှစ်အရွယ်ကစားသမား၏ အိုးထရက်ဖို့ဒ်အနာဂါတ်မှာ မရေရာမှုများရှိနေသော်လည်း အင်္ဂလန်အသင်းတွင်မူ နေရာပြန်လည်ရရှိရေးတိုက်ပွဲဝင်သွားမည်ဟု ဆိုထားသည်။

ထို့ပြင်နည်းပြဆောက်ဂိတ်ကလည်း ရွန်နီ၏လက်ရွေးစင်ကစားသမားဘဝအဆုံးသတ်သင့်ပြီဆိုသည့် အကြံပြုချက်များကို ပယ်ချခဲ့သည်။

“သူက ကျွန်တော့်အတွေးထဲမှာ လုံးဝရှိနေပါတယ်။ အသင်းမှာပါဝင်ဖို့သူ့မှာအခွင့်အရေးတွေရှိနေသေးချိန်မှာ နုတ်ဆက်ဖို့ကို ဘာကြောင့်လူတွေပြောဆိုနေကြလဲ နားမလည်ပါဘူး။

သူနဲ့ကျွန်တော်တို့ ဘာကြောင့်အဆုံးသတ်သင့်သလဲဆိုတဲ့ အကြောင်းပြချက်ကို ရှာမတွေ့ဘူး”ဟု ဆောက်ဂိတ်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly