နှစ်ပေါင်း ၆၀ ကျော်အတွင်း အငယ်ဆုံးပြင်သစ်လက်ရွေးစင်ဖြစ်လာသည့် အမ်ဘက်ပီ

နှစ်ပေါင်း ၆၀ ကျော်အတွင်း အငယ်ဆုံးပြင်သစ်လက်ရွေးစင်ဖြစ်လာသည့် အမ်ဘက်ပီ

မတ် ၂၆၊ ပြင်သစ်။            ။ မန်ချက်စတာယူနိုက်တက်အသင်း၏ပစ်မှတ် ကိုင်လီယန် အမ်ဘက်ပီသည် စနေနေ့က ၁၉၅၅ နောက်ပိုင်း အသက်အငယ်ဆုံးပြင်သစ်လက်ရွေးစင် ဖြစ်လာခဲ့သည်။

လက်ရှိရာသီ ပြင်သစ်လိဂ်-၁ တွင် ၃၂ ပွဲကစားပြီး ၁၉ ဂိုးသွင်းကာ ၁၁ ဂိုးဖန်တီးထားသည့် ခြေစွမ်းကြောင့် မိုနာကိုတိုက်စစ်မှူးမှာ ဥရောပထိပ်တန်းကလပ်များ၏ အာရုံစိုက်ခြင်းကိုခံနေရသည်။

ပြင်သစ်လက်ရွေးစင်အဖြစ်ရွေးချယ်ခံရပြီး စနေနေ့က လူဇင်ဘတ်အသင်းနှင့်ပွဲတွင်ပါဝင်ခွင့်ရခဲ့ရာ အသက် ၁၈ နှစ်နှင့် ၉၅ ရက်သာ ရှိသေးသဖြင့် လွန်ခဲ့သည့် ၆၂ နှစ်က အသက် ၁၈ နှစ် ၆၁ ရက်ဖြင့်ပွဲထွက်ခဲ့သည့် မာယန်းဝစ်နီယက်စကီး ပြီးနောက် အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ခြင်းဖြစ်သည်။

အမ်ဘက်ပီသည် ပြီးခဲ့သောရက်သတ္တပတ်များအတွင်းက ယူနိုက်တက်နှင့်သတင်းများကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပြီး မော်ရင်ဟို၏အသင်းထံမှ ပေါင် ၉၆ သန်းတန်ကမ်းလှမ်းမှုမှာ ပယ်ချခံခဲ့ရသည်ဟု သတင်းဖော်ပြခံခဲ့ရသည်။

အမ်ဘက်ပီ၏အသင်းဖော် ဖာဘင်ဟိုကမူ ယင်းလူငယ်ကစားသမားအနေဖြင့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ သို့မဟုတ် ယင်းကဲ့သို့အရည်အသွေးရှိအသင်းမျိုးသို့သာပြောင်းလိမ့်မည်ဖြစ်ပြီး မိုနာကိုတွင်ကာလရှည်ဆက်ရှိနေလိမ့်ဦးမည်ဟု ယုံကြည်ကြောင်းပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly