ရိုမေးနီးယားနိုင်ငံတစ်လွှား၌ ကိုယ်ဝန်ဖျက်ချမှုဆန့်ကျင်ရေး ချီတက်မှုများပြုလုပ်

ရိုမေးနီးယားနိုင်ငံတစ်လွှား၌ ကိုယ်ဝန်ဖျက်ချမှုဆန့်ကျင်ရေး ချီတက်မှုများပြုလုပ်

မတ် ၂၆ ။           ။ ဘူခါရက်စ်မြို့မှ လူပေါင်း ၂၀၀၀ ခန့် အပါအဝင် ရိုမေးနီးယားနိုင်ငံရှိ မြို့အများအပြားနှင့် အိမ်နီးချင်းနိုင်ငံ မော်လ်ဒိုဗာတို့တွင် ကိုယ်ဝန်ဖျက်ချခြင်းအား ဆန့်ကျင်သော ချီတက်ဆန္ဒပြမှုများ ပြီးခဲ့သော စနေနေ့၌ ဖြစ်ပွား ခဲ့ကြောင်း ရိုမေးနီးယားရဲတပ်ဖွဲ့က ပြောခဲ့သည်။

ခုနှစ်ကြိမ်မြောက် အဆိုပါလူထုချီတက်မှုအား “ဘဝအတွက်ကျောင်းသားများ” အဖွဲ့အစည်းမှ “မိခင်နှင့်ကလေး ကိုကူညီပါ။ သူတို့ဘဝဟာ ခင်ဗျားတို့အပေါ်မှာ မူတည်ပါတယ်” ဟူသော ခေါင်းစဉ်ဖြင့် ကြီးမှူးပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြို့ပေါင်း ၃၀၀ နီးပါးခန့်တွင် ကျင်းပခဲ့ကြောင်း ချီတက်ပွဲ စီစဉ်သူများက ပြောခဲ့သည်။

“ ကိုယ်ဝန်ဖျက်ချခြင်းထက် ပိုမိုကောင်းမွန်သော အရာတွေကို အမျိုးသမီးများ ရရှိဖို့ ထိုက်တန်ပါတယ်။ အမျိုး သမီးတွေရဲ့ ဘဝတွေအတွက်၊ မိသားစုတွေရဲ့ ဘဝတွေအတွက် ကိုယ်ဝန်ဖျက်ချမှုဟာ   ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခု မဟုတ်ပါဘူး”ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။

ဘူခါရက်စ်မြို့တွင် လူငယ်များ၊ မိဘများနှင့် ကလေးများ၊ သက်ကြီးပိုင်းများနှင့် အဆိုပါ ချီတက်ပွဲကို ထောက်ခံ သော အော်သိုဒေါ့စ် ဘုရားကျောင်းမှ ဘုန်းတော်ကြီးများလည်း ပါ၀င်ချီတက်ခဲ့ကြသည်။ အဆိုပါ ပွဲ၌ ပါ၀င်ခဲ့ သော ဘာသာရေးခေါင်းဆောင်များက လိင်တူချင်း လက်ထပ်ထိမ်းမြားမှုအကြောင်းလည်း ပြောဆိုခဲ့ကြပြီး ရိုးရာမိသားစု အမွေအနှစ်များကို ထိန်းသိမ်းကြရန် တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly