တညင်းကုန်း အဆင့်မြင့် လက်ကားစျေးတည်ထောင်သူ MAEX ၏ ရှယ်ယာရောင်းချခဲ့မှု အခြေအနေ အပိုင်း (၁)

25 March 2017
တညင်းကုန်း အဆင့်မြင့် လက်ကားစျေးတည်ထောင်သူ MAEX ၏ ရှယ်ယာရောင်းချခဲ့မှု အခြေအနေ အပိုင်း (၁)

ပထမဦးဆုံးသိချင်တာက MAEX အများပိုင်ကုမ္ပဏီအနေနဲ့က ရန်ကုန်စတော့အိတ်စ်ချိန်းအပေါ်မှာ တစ်ချိန်မှာ ရှယ်ယာတွေကို တင်ပြီးတော့ ရောင်းချသွားဖို့ ရှိနေတယ်လို့လည်း သိရတယ်ခင်ဗျာ။ အဲဒီအတွက် ပထမဦးဆုံး ကြိုးစားအားထုတ်မှုအနေနဲ့ ကနဦး ရှယ်ယာတွေကို MAEX အနေနဲ့ အများပြည်သူတွေကို ထုတ်ရောင်းနေတာတွေ ရှိတယ်ခင်ဗျာ။ ဆိုတော့ MAEX ရဲ့  ထင်ရှားတဲ့ ထုတ်ကုန်တဲ့ တည်ဆောက်မှုအရဆိုရင်တော့ ကျွန်တော်တို့ အင်းစိန်မြို့နယ်က တညင်းကုန်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ၊ ပန်းပံ လက်ကားစျေးလည်း တည်ဆောက်နေတယ်။ သူလည်း မကြာခင်မှာ ဖွင့်မယ်လို့လည်း သိရတယ်ခင်ဗျာ။ ဒီကနေပြီးတော့ ရန်ကုန်စတော့အိတ်စ်ချိန်းကို ရောင်းချမယ့်အခြေအနေက ဘယ်လိုရှိတယ်ဆိုတာလေးကို အရင်ဆုံးသိချင်ပါတယ်ခင်ဗျာ။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ IPO အခု ပြီးစီးသွားပြီဖြစ်ပါတယ်။ Initial Public Offering အစု ၅ သိန်းကို ကျွန်တော်တို့ ထုတ်ပြီးတော့ ရောင်းခဲ့တယ်ပေါ့နော်။ အဲဒါနဲ့အလားတူပဲ ကျွန်တော်တို့ listing လုပ်မယ့် အစီအစဉ်ကိုလည်း ကျွန်တော်တို့ လုပ်နေပါတယ်။ ကျွန်တော်မှန်းထားတာကတော့ နောက်နှစ်ထဲမှာ ကျွန်တော်တို့ listing တက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ စည်းကမ်းအရ ပြည့်မီရမယ့် စည်းကမ်းချက်တွေရှိတယ်။ အဲဒါကို ကျွန်တော်တို့ မတ်၊ ဇွန် လောက်မှာ ပြည့်မီမယ်ဆိုလို့ရှိရင် နောက်ဆက်လုပ်ရမယ့်လုုပ်ငန်းစဉ်တွေကို လုပ်ပြီးတော့ နောက်နှစ်ထဲမှာ လစ်စတင် သွားနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

တစ်ပြိုင်နက်တည်းမှာ MAEX အနေနဲ့က အခု ရှယ်ယာတွေကို ငွေကြေးသက်သေခံ ကြီးကြပ်ရေးကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေပြီးတော့ ရောင်းချခဲ့တာ။ အဲတော့ ဖေဖော်ဝါရီ ရ ရက်နေ့ တစ်လမပြည့်ခင်မှာပဲ အကိုပြောခဲ့တဲ့အတိုင်း အစုရှယ်ယာ ငါးသိန်း ကျပ်အားဖြင့်တော့ သန်းပေါင်း ငါးထောင် (ငါးဘီလီယံ)ဖိုး ရောင်းချခဲ့ပြီးပြီကို ၂၀ ဒသမ ၅၆ ရာခိုင်နှုန်းလောက်ကလည်း ပိုလာတယ်လို့ သိရတယ်ခင်ဗျာ။ တွက်ချက်မှုအရဆိုရင်တော့ အစုပေါင်း ၁၀၂၈၀၀ ပေါ့။ ကျပ်သန်းပေါင်း ၁၀၀၀ ကျော်တောင် ပိုပြီးတော့ ရောင်းချနိုင်ခဲ့တယ်လို့ သိရတယ်ခင်ဗျာ။ ဆိုတော့ ဒီ တစ်လမပြည့်ခင်အခြေနေမှာ ဘာဖြစ်လို့ ဒီရှယ်ယာတွေက အဆိုပြုထားတာထက်တောင် ၂၀ ရာခိုင်နှုန်းကျော်လောက် ကျော်လွန်ပြီးတော့ ရောင်းချသွားရတာလဲ။ ဘာဖြစ်လို့ ဝယ်လိုအားနဲ့ ရောင်းလိုအားကလေ အဲလိုမျိုး အရမ်းကို Happy Type အရမ်းကို ဖြစ်သွားရတာလဲခင်ဗျာ။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော်တို့မှန်းထားတဲ့အချိန်ထက် စောပြီးတော့ လေးရက်လောက် စောပိတ်လိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းကို မထင်မှတ်ဘဲနဲ့ ဝယ်လိုအားက တအားတက်လာတဲ့အပေါ်မှာ ကျွန်တော်တို့က သတ်မှတ်ချက်ဖြစ်တဲ့ အစုရှယ်ယာ ငါးသိန်းကို ပြည့်မှီကျော်လွန်သွားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ချက်ချင်းပဲ Announce လုပ်ပြီးတော့ ရောင်းတဲ့အစီအစဉ်ကို ရပ်လိုက်ရပါတယ်။ ရပ်ပေမယ့်လည်း ကျွန်တော်တို့ ကြော်ငြာလိုက်တဲ့အချိန်မှာကိုက ခုနကတုန်းက ကျော်လွန်သွားတဲ့ ၂၀ ရာခိုင်နှုန်းကျော်က ရှယ်ယာစုစုပေါငး် တစ်သိန်းကျော် ကျော်လွန်သွားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အနည်းကို ဦးစားပေးမယ်ဆိုတဲ့ ပေါ်လစီနဲ့ ကျွန်တော်တို့ ခွဲဝေမှုကို လုပ်ခဲ့ပါတယ်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

အနည်းဆိုတော့ ဘယ်လောက်ထိအောင် ဒီ တစ်လမပြည့်ခင်ကာလမှာ ဝယ်ယူတဲ့အပေါ်မှာ ဘယ်လောက်ထိက အနည်းဆုံးလို့ အကိုတို့ မြင်တွေ့ရလဲ။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ကျွန်တော်တို့ဆီမှာ လာဝယ်တာကတော့ အနည်းစုလာဝယ်တာတွေ တော်တော်များပါတယ်။ အစု တစ်စုကနေက စပြီးတော့ တစ်စုနှစ်စု၊ ငါးစု၊ ၁၀စု အဲလိုပေါ့လေ ဝယ်သွားတဲ့လူတွေရှိပါတယ်။ ကျွန်တော်တို့ဆီမှာ လာလျှောက်တာဆိုရင် လူဦးရေ ၂၂၅၀ လောက် လျှောက်လွှာတွေ လာတင်ကြပါတယ်။ အဲဒီအထဲကနေ ကျွန်တော်တို့ အနည်းကို ဘယ်လိုသတ်မှတ်လိုက်လဲဆိုရင် သူတို့လိုချင်တဲ့ လျှောက်လွှာတင်ထားတဲ့ အစုပေါ့နော် အားလုံးကို ကျွန်တော်တို့က ပေးနိုင်တဲ့ အနေအထားက ကျွန်တော်တို့ ဘယ်မှာသွားပြီးတော့ ဖြတ်လိုက်လဲဆိုတော့ အစု ၄၀၀၀ပေါ့။ အစုလေးထောင်မှာ ကျွန်တော်တို့ ဖြတ်လိုက်တယ်။ အဲမှာဖြတ်လိုက်တော့ လာလျှောက်တဲ့ ၂၂၅၀ ဦးရေရဲ့ ၉၈ ဒသမ ၉ ရာခိုင်နှုန်းကို သူတို့ရဲ့ လျှောက်လွှာရဲ့ လျှောက်ထားတဲ့အစုကို အပြည့် ကျွန်တော်တို့ ပေးထားလိုက်နိုင်တယ်။ အဲဒီနည်းနဲ့ ကျွန်တော်တို့ အနည်းဦးစားပေးဆိုတဲ့ဟာကို ကျွန်တော်တို့ ဖြတ်လိုက်ပါတယ်။ အစုလေးထောင်ထက် ကျော်သွားတဲ့လူကိုတော့ သူလိုချင်သလောက် မရတော့ဘဲနဲ့ ဒီဟာကို ပြန်ပြီးတော့ ခွဲဝေတဲ့စနစ်ကို ကျွန်တော်တို့ ကျင့်သုံးပြီးတော့ ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်ပါတယ်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဟုတ်ကဲ့ပါအကို။ ခုနက ကျွန်တော်မေးတဲ့ မေးခွန်းထဲမှာကျတော့ ရောင်းတဲ့ဝယ်တဲ့အပေါ်မှာ အောင်မြင်သွားတယ်ပေါ့နော်။ ဆိုတော့ တစ်လမပြည့်သေးချင်မှာ သတ်မှတ်ထားတာထက် ကျော်လွန်ပြီးတော့ ရောင်းချနိုင်တယ်ဆိုတဲ့ မေးခွန်းအပိုင်းမှာ ကျန်ခဲ့သေးတယ်အကို။ ဘာဖြစ်လို့ လူတွေက အဲလောက်တောင် ဝယ်ချင်ကြတာလဲ။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

အဓိကကတော့ ကျွန်တော်အမြင်တော့ ကျွန်တော်တို့ အင်မတန်မှ ပြီးပြည့်စုံတဲ့ လုပ်ငန်းလမ်းညွှန်ကို ထုတ်ပြထားတယ်။ အဲဒီမှာဆိုရင် ဒါ ပြည်သူက ဒါကို ဖတ်လိုက်တာနဲ့ ကျွန်တော်တို့လုပ်ငန်းက ဘာတွေရှိတယ် အလားအလာက ဘယ်လိုရှိတယ် ဘာတွေကိုတော့ ကျွန်တော်တို့က စတင်ပြီးတော့ လုပ်ဆောင်နေပြီ ဘယ်ဟာတွေကတော့ ခိုင်မာမှုရှိနေပြီဆိုတာကို ကျွန်တော်တို့က အပြည့်အစုံ ဖော်ပြထားတဲ့အတွက် ဒီ Investors တွေအနေနဲ့လည့် ဒီဟာကို ယုံကြည်မှု ရှိစေတယ်ပေါ့နော်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ စီမံခန့်ခွဲမှုအပိုင်းပေါ့ ကျွန်တော်တို့ စီမံခန့်ခွဲမှုသည် အများပိုင်ပေမယ့်လို့ အင်မတန်မှ strong ဖြစ်တဲ့ Leadership ပေါ့နော် ဒဂုန် အင်တာနေရှင်နယ်ကနေပြီးတော့ တည်ထောင်တယ်။ တည်ထောင်ပြီးတော့ အဲဒီမှာ အတွေ့အကြံု နှစ် ၂၀ ကျော်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျွန်တော်တို့က ကြီးကြပ်နေတယ်။ ဒါကလည်း Investor တစ်ယောက်အနေနဲ့ စီမံခန့်ခွဲမှုကို အမြဲတမ်း ကြည့်လေ့ရှိပါတယ်။ နောက်ပြီးတော့ Business Plan မှာလည်း ခုနကပြောသလိုပေါ့ စျေးကို ကျွန်တော်တို့က နှစ် ရ၀ နဲ့ ရန်ကုန်မြို့တော်စည်ပင်နဲ့ ပူးပေါင်းပြီးတော့ လုပ်ခွင့်ရထားတဲ့အတွက် ဒါလည်း နိုင်ငံတော်နဲ့ ပူးပေါင်းတဲ့အတွက် ခိုင်မာမှုရှိတဲ့ လုပ်ငန်းတစ်ခုဆိုတာလည်း လေ့လာသုံးသပ်လို့ရတယ်။ ဒီအပြင် လက်ကားစျေးဆိုတဲ့ အနေအထားမှာ ရန်ကုန်မြို့မှာဆိုလို့ရှိရင် လက်ကားစျေးက သီရိမင်္ဂလာစျေးက အကြီးဆုံးပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ဆောက်နေတဲ့ တညင်းကုန်းစျေးသည် သီရိမင်္ဂလာစျေးထက်ကို ပိုပြီးတော့ကြီးတယ်။ ပိုပြီးတော့ စနစ်ကျမယ် ပိုပြီးတော့ သန့်ရှင်းမယ်၊ ဒါကြောင့်မို့ လုပ်ငန်းရဲ့ ယုံကြည်စိတ်ချရမှုကလည်း Investors တွေကို အများကြီး ယုံကြည်မှု ရှိစေပါတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တေ်ာတို့ စျေးနှုန်းပါ။ ကျွန်တော်တို့သည် မူလရှယ်ယာရှင်တွေပေါ့နော် ထည့်ဝင်ထားတဲ့ငွေက ၁၅ ဘီလီယံကျပ်လောက်ရှိတယ်။ အဲဒီ ၁၅ ဘီလီယံကို ထည့်တဲ့လူကလည်း တစ်စုကို တစ်သောင်းနှုန်းနဲ့ ထည့်ခဲ့တယ်။ ၁၅ ဘီလီယံကျော်ရှိတဲ့ဟာကို သူတို့က လွန်ခဲ့တဲ့ ၁ နှစ်ခွဲ ၂ နှစ်လောက်ကတည်းက ထည့်လာခဲ့တယ်။ ထည့်လာပြီး ဒီလုပ်ငန်းကြီကို တည်ဆောက်လာတာ နောက်လဆိုရင်တောင် စျေးကြီးက ဖွင့်နိုင်တဲ့အနေအထားကို ရောက်နေပြီပေါ့နော်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဆိုတော့ လက်ရှိမှာက SECM ရဲ့ ခွင့်ပြုချက်အတိုင်း ၆ သိန်း ရှယ်ယာတွေကို ထုတ်ရောင်းသွားဖို့ရှိတယ်။ ဆိုတော့ ကျွန်တော်တို့ သိနေတဲ့ Over the counter (OTC) ဆိုတဲ့ ရောင်းချတဲ့ပုံစံကရော SECM က ခွင့်ပြုလား။ အကိုတို့ သက်သက် IPO အနေနဲ့မဟုတ်ဘဲနဲ့ OCT အနေနဲ့ အတွင်းဘက်မှာ ရောင်းမယ့်ဟာ အခြေအနေကရော ရှိလား။ အဲဒါလေးကို ရှင်းပြပေးပါလား။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

လက်ရှိ ကျွန်တော်တို့ အစု ၅ သိန်း ထုတ်ရောင်းတာကတော့ IPO ပေါ့။ ပထမဦးဆုံးအကြိမ် အများပြည်သူကို အစုရှယ်ယာ ခေါ်ယူခြင်းဖြစ်ပါတယ်။ အဲဒါပြီးရင် ကျွန်တော်တို့က ဘာလုပ်ပေးမလဲဆိုတော့ OTC နဲ့ အလားတူပေါ့နော် OCT အသုံးအနှုန်းတိုင်း သုံးပိုင်ခွင့် မရှိပါဘူး။ Over the counter လို့ အသုံးအနှုန်းကို ကျွန်တော်တို့က သုံးလို့မရပါဘူးခင်ဗျာ။ SECM ခွင့်ပြုချက်က သူက OTC ဆိုတာသည် သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ သူတို့ထူထောင်မယ့် ကောင်တာကသာလျင် OTC လို့ ခေါ်ပိုင်ခွင့် ရှိပါတယ်ခင်ဗျာ။ ဒါကြောင့်မို့ ကျွန်တော်တို့က OTC နဲ့ အလားတူပေါ့ Service ပေးရုံသက်သက် ကောင်တာကိုပဲ ကျွန်တော်တို့က လုပ်ပေးမှာဖြစ်ပါတယ်။ ဒါကလည်း ကုမ္ပဏီ အက်ဥပဒေထဲမှာလည်း ပါရှိပါတယ်။ အများပိုင်ကုမ္ပဏီတွေ အစုရှယ်ယာရှင်တွေ တစ်ယောက်နဲ့တစ်ယောက် လွှဲနိုင်အောင် ရောင်းနိုင်အောင် ဝယ်နိုင်အောင် ဒါတွေအတွက်ကို ကျွန်တော်တို့က လုပ်ပေးသွားရမယ်ဆိုတဲ့ တာဝန်က ကုမ္ပဏီအက်အရလည်း ဒီတာဝန်က ရှိနေတော့ ကျွန်တော်တို့က OTC လို့ သတ်မှတ်ခြင်းမဟုတ်ပဲနဲ့ ကျွန်တော်တို့က ရှယ်ယာ Transfer Service counter ဆိုပြီးတော့ ST, SC ဆိုပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီကနေ သီးသန့် ပြောမယ်ဆိုရင်တော့ Company Counter တစ်ခုကို ကျွန်တော်တို့က လုပ်ပြီးတော့ အဲဒီမှာတင် လာပြီးတော့ ရှယ်ယာပြောင်းလဲချင်တာတွေကို ဝန်ဆောင်မှုတွေ လုပ်ပေးသွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly