ဗြိတိန်မပါသည့် အီးယူ၏ နှစ် ၆၀ ပြည့် အထူးထိပ်သီးညီလာခံ ကျင်းပ

ဗြိတိန်မပါသည့် အီးယူ၏ နှစ် ၆၀ ပြည့် အထူးထိပ်သီးညီလာခံ ကျင်းပ

ရောမ၊ မတ် ၂၅ ။                ။ ဗြိတိန် ပါဝင်ခြင်း မရှိတော့သည့် အီယူအဖွဲ့ကြီး၏ နှစ် ၆၀ ပြည့်ကို အီတလီနိုင်ငံ ရောမမြို့၌ အထူးထိပ်သီးညီလာခံတစ်ရပ်ဖြင့် မတ် ၂၅ ရက်တွင် ကျင်းပသည်။

ဘုံအနာဂတ်တစ်ရပ်ကို ဗြိတိန်မပါဝင်ဘဲ ဆက်လက်ဖော်ဆောင်သွားရန် အီးယူခေါင်းဆောင်များ၏ အဖွဲ့ကြီး၏ လမ်းစဉ်ကို ပြန်လည်၍ အားသစ်လောင်းကြသည်။

အဖွဲ့မှ ဗြိတိန်နုတ်ထွက်မှု တရားဝင်လုပ်ငန်းစဉ်များ မစတင်မီ ကျင်းပသည့် ဗြိတိန်မပါဝင်သော ယခုညီလာခံတွင် ကျန်အဖွဲ့ဝင် ၂၇ နိုင်ငံက Capitoline Hill ခန်းမဆောင်တွင် အဖွဲ့ကြီး၏ တရားဝင်ကြေညာချက်သစ်အား လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ခန်းမဆောင်မှာ လွန်ခဲ့သော ၁၉၅၇ ခုနှစ် မတ် ၂၅ ရက်က အီးယူစတင်တည်ထောင်သည့် အဖွဲ့ဝင် ခြောက်နိုင်ငံက အဖွဲ့၏ လမ်းစဉ် ရောမပဋိညာဉ်ကို လက်မှတ်ရေးထိုးခဲ့သည့် ခန်းမဆောင်လည်း ဖြစ်သည်။

ပြဿနာများစွာ ရင်ဆိုင်ကြုံတွေ့နေရသည့် အီးယူအဖွဲ့ကြီးအတွက် ခေါင်းဆောင်များအနေဖြင့် ထောက်ကူကျားကန်ထားကြရန် အီးယူဥက္ကဌဖြစ်သူ ဒေါနယ်တက်ခ်က တိုက်တွန်းခဲ့သည်။

ရွှေ့ပြောင်းဝင်ရောက်သူများအရေး၊ စီးပွားရေး အကျပ်အတည်းဆိုက်နေခြင်း၊ အကြမ်းဖက်ဝါဒတို့အပြင် ဗြိတိန်နုတ်ထွက်သွားမှုကဲ့သို့သော ရင်ဆိုင်နေရသည့် ပြဿနာများကို အံ့တုရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဒီကနေ့ဟာ ခင်ဗျားတို့ကို ဥရောပရဲ့ ခေါင်းဆောင်တွေဆိုတာ သက်သေထူနေတာဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်က ဥရောပပေါင်းစည်းခြင်းကို စတင်ခဲ့တဲ့ သူရဲကောင်းတွေထံက ကြီးမြတ်တဲ့အမွေကို ခင်ဗျားတို့ လက်ထက်မှာ ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်တယ်။”ဟု ဒေါနယ်တက်ခ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly