အိန္ဒိယအစိုးရက လူနာတင်ကားနှစ်စီး ရန်ကုန်ကလေးဆေးရုံကြီးသို့ လှူဒါန်း

အိန္ဒိယအစိုးရက လူနာတင်ကားနှစ်စီး ရန်ကုန်ကလေးဆေးရုံကြီးသို့ လှူဒါန်း

ရန်ကုန်၊ မတ်၂၅။               ။ ရန်ကုန်ကလေးဆေးရုံကြီးသို့  အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော် တန်ဖိုးရှိ လူနာတင်ကားနှစ်စီးကို အိန္ဒိယအစိုးရမှ မတ်လ ၂၅ ရက်တွင် လှူဒါန်းခဲ့သည်။

လှူဒါန်းခဲ့သော လူနာတင်ယာဉ်များသည် Ford အမျိုးအစားဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော် တန်ဖိုးရှိပြီး ခေတ်မီဆေးဘက်ဆိုင်ရာ စက်ကိရိယာများ အပြည့်အစုံတပ်ဆင်ထားပြီး ဖြစ်သည်။

“ဒီကားတွေက အစ်မတို့ဆေးရုံကြီးမှာ မရှိတဲ့ အထူးကုတွေဆီ Specialist တွေဆီကို လွှဲပြောင်း ပြသတဲ့အခါမှာ အသုံးပြုမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်ကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုထွေးက ဆိုသည်။

အိန္ဒိယအစိုးရအနေဖြင့် ဓါတ်ရောင်ချည်နှင့် ရောဂါရှာဖွေသည့် စက်များကို ယခင်ကလှူဒါန်းခဲ့ပြီး ယခုလူနာတင်ကား လှူဒါန်းခြင်းသည် ၄ ကြိမ်မြောက်ဖြစ်သည်။

ကုတင်(၅၅၀)ဆံ့ ရန်ကုန်ကလေးဆေးရုံကြီးတွင် လူနာတင်ကား ၄ စီးရှိပြီး ယခုလှူဒါန်းလိုက်သော လူနာတင်ကားများအပါဝင် ၆ စီး ရှိလာပြီ ဖြစ်သည်။

ကျန်းမာရေးတိုးတက်စေရန် အိန္ဒိယအစိုးရ၏ စဉ်ဆက်မပြတ် ကူညီထောက်ပံ့မှု အစီအစဉ် တစိတ်တစ်ပိုင်းအနေဖြင့် ရန်ကုန်ကလေးဆေးရုံကြီးကို လှူဒါန်းခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly