သင်္ဘောဖျက်လက်နက် တော်ပီဒိုများ မြန်မာနိုင်ငံဆီ တင်ပို့ရောင်းချရန် အိန္ဒိယ စီစဉ်နေ

သင်္ဘောဖျက်လက်နက် တော်ပီဒိုများ မြန်မာနိုင်ငံဆီ တင်ပို့ရောင်းချရန် အိန္ဒိယ စီစဉ်နေ

မတ် ၂၅ ။           ။ သင်္ဘောများကို ပစ်ခတ်နစ်မြှုပ်နိုင်သည့် လက်နက်များဖြစ်သည့် တော်ပီဒိုများကို မြန်မာနိုင်ငံဆီသို့ တင်ပို့ရန် အိန္ဒိယဘက်က စီစဉ်နေသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေသတွင်း တရုတ်တို့၏ မဟာဗျူဟာကျ ချဉ်းနင်းတိုးချဲ့နေမှုများကို တုန့်ပြန်နိုင်မည့် မူဝါဒတစ်ပိုင်း တစ်ဒေသအဖြစ် အိန္ဒိယတို့က ယခုအခါ အပေ့ါစား တော်ပီဒိုများကို မြန်မာဆီသို့ တင်ပို့ရောင်းချရန် စီစဉ်လာခြင်းဖြစ်သည်။

အိန္ဒိယတို့အနေဖြင့် ဒုံးကျည်လောင်ချာများ၊ စိန်ပြောင်းများ၊ ရိုင်ဖယ်များ၊ ရေဒါများ၊ ညကြည့် ပစ္စည်းများ စသည့် စစ်လက်နက်များအပြင် ဆောက်လုပ်ရေး လုပ်ငန်းသုံးများဖြစ်သည့် ဒိုဇာများ၊ ၀န်တင်ကားများကို မြန်မာစစ်တပ်ထံသို့ ထောက်ပံ့ပေးသွင်းပေးထားပြီး ဖြစ်သည်ဟု ဆိုသည်။

 မြန်မာနိုင်ငံဆီသို့ တင်ပို့မည့် အဆိုပါ အိန္ဒိယပြည်တွင်းထုတ် တော်ပီဒိုများအတွက် ဒေါ်လာ ၃၇ ဒသမ ၉ သန်း တန်ဖိုးရှိ သဘောတူညီချက်ဆိုင်ရာ ပို့ကုန်စာရွက်စာတမ်းများကို အိန္ဒိယဘဏ္ဍာရေးနှင့် ကာကွယ်ရေးဝန်ကြီး အာရွန် ဂျက်တလေထံသို့ တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အိန္ဒိယတို့အနေဖြင့် မြန်မာစစ်တပ်နှင့်ပူးပေါင်း၍ နှစ်နိုင်ငံနယ်စပ်ကြား ပူးပေါင်းကင်းလှည့်ဆောင်ရွက်မှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly