လွယ်ကူအရသာရှိတဲ့ အာလူးနွားနို့ချက်

လွယ်ကူအရသာရှိတဲ့ အာလူးနွားနို့ချက်

မင်္ဂလာပါ…………….။

ဒီတပတ်တော့   အီအီဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ အာလူးနွားနို့ချက်ကလေး ချက်စားကြမယ်နော်။ အစပ်မစားတဲ့သူတွေ  ဟင်းရွေးတဲ့ ကလေးတွေအတွက်လည်း အဆင်ပြေစေမှာပါ။ ချက်ရတာ လွယ်သလောက် အရသာရှိတဲ့ ဟင်းလေးပါ။

ပထမဆုံး လိုအပ်တာတွေကတော့

ဆီ              ၅ ကျပ်သား

နွားနို့အစိမ်း  ၂၅သား

အာလူး        ၂၅သား

ကြက်သွန်ဖြူ ကြက်သွန်နီ အနည်းငယ် (ညက်အောင်ထောင်းထားပါ)

ဆား အနည်းငယ်

နနွင်း အနည်းငယ် တို့ပဲ ဖြစ်ပါတယ်။

ပြီးရင်တော့ အာလူးကို အခွံသင် ၊ အနေတော် တုံးပြီး ဆား၊ နနွင်းနယ်ထားပါ။

ကြက်သွန်ဖြူနီ အရောင်ဝါလာပြီး မွှေးလာတဲ့ အထိ ဆီသတ်ပါ။

ဆီသတ်တာမွှေးပြီး အရောင်ပြောင်းလာရင်တော့ အာလူးထည့်ပါ ၊ နှံ့အောင်မွှေပေးပါ။

အာလူးအနည်းငယ် ကျက်ပြီးအရောင်ပြောင်းလာရင်တော့ နွားနို့ထည့်ပါ သတိထားရမှာက အဖုံး လုံးဝမအုပ်ပါနဲ့။  ပြီးရင် အိုးမကပ်အောင် မွှေပေးပါ။

နွားနို့ခမ်းပြီး ဆီပြန်လာရင်တော့ နွားနို့အရသာလေးစိမ့်ဝင်နေတဲ့ အာလူးဟင်း အိအိလေးရပါပြီ။

အာလူးနွားနို့ချက် ရဲ့ ချိုဆိမ့်အရသာလေးက ထမင်းမြိန်စေမှာပါ။ အာလူးနွားနို့ချက်က အလုပ်လည်း မရှုပ်၊ ချက်ရတာလည်း အချိန်မကြာပေမယ့် ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက် ဖြစ်စေမှာပါ ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly