လူမှုကွန်​ယက်​စာမျက်​နှာတွင်​ ရေးသားမှုအား တောင်​းပန်​ပွဲပြုလုပ်

လူမှုကွန်​ယက်​စာမျက်​နှာတွင်​ ရေးသားမှုအား တောင်​းပန်​ပွဲပြုလုပ်

ပဲခူး၊ မတ်လ ၂၅ ။                 . ။ ပဲခူးတိုင်​း ၊ ပြည်​ခရိုင်​၊  ပြည်​မြို့တွင်​ လူငယ်​တစ်​ဦးက နိုင်​ငံ​ရေးသမားတစ်​ဦးအား လူမှုကွန်​ယက်​စာမျက်နှာမှတဆင်​့ ဂုဏ်​သိက္ခာကျဆင်​း​စေမည်​့ သတင်​းအမှားများ   ​ဖော်​ပြမိခဲ့သည်​့အတွက်​  ပြန်​လည်​တောင်​းပန်​​ပွဲတစ်​ခုမတ်​လ ၂၅ ရက်က ပြုလုပ်​ခဲ့သည်​။

နိုင်​ငံ​ရေးသမား ကိုဝင်​းလှိုင်​ အား ပြည်​ဟစ်​တိုင်​အထူး ဖေ့ဘွတ်ခ်ပေ့ချ်တွင်​ ပြည်​မြို့အုန်​း​တောရပ်​ကွက​်​​နေ ​ကိုကောင်​းထက်​​ကျော်​ ဆိုသူက Kaung Htet Kyaw (Kee Lay) အ​ကောင်​့ ဖြင်​့ ​ဂုဏ်​သိက္ခာကျဆင်​း​စေမည်​့ သတင်​းအမှားများ တင်​ခဲ့ခြင်​းဖြစ်​သည်​ဟု ဆိုသည်။

"ကျွန်တော် ဦးဝင်​းလှိုင်​ကို သတင်​းအမှား​တွေ​ရေးခဲ့ မိတယ်​။ ကျွန်တော့အ​နေနဲ့ ဘာရည်​ရွယ်​ချက်​မှမရှိပါဘူး။ ဖြစ်​လာတဲ့ လူငယ်​​တွေရဲ့ ​ဒေါသအ​လျောက်​ ​ပြောခဲ့မိတာပါ။ ကိုဝင်​းလှိုင်​အ​နေနဲ့ ခွင်​့လွှတ်​​နားလည်​​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​"ဟု ကို​ကောင်​းထက်​​ကျော်​က တောင်းပန်ပွဲတွင် ဆိုသည်​။

​အ​ကြောင်​းအရာကိစ္စနှင်​့ပတ်​သတ်​ပြီး ​ကို​ကောင်​းထက်​​ကျော်​အား အင်​တာနက်​ဥပ​ဒေ ပုဒ်​မ ၆၆ ဃ ဖြင်​့ အ​ရေးယူ​ပေးရန်​ ပြည်​မြို့ အမှတ်​ (၁)ရဲစခန်​း​၌ ​ကိုဝင်​းလှိုင်​က မတ်​လ ၂၂ ရက်​တွင်​ တရားလိုလုပ်​ တိုင်​တန်​းထားခဲ့သည်။

"ကလေးက ကျွန်တော့ကို​ သေချာမသိဘူး။ ​ဘေးလူ​တွေ​ပြောစကားနဲ့ လမ်​း​ပေါ်ထွက်​ လုပ်​စား​နေတဲ့ လူကြီးဆိုပြီး ​ဖေ့ဘွတ်ပေါ်မှာ တင်​မိတယ်​။ ကျွန်တော်ကလည်​း လူကြီးပီပီ ခွင်​့ လွှတ်​​ပေးလိုက်​တယ်​"ဟု ကိုဝင်​းလှိုင်​က ​ပြောသည်​။

အဆိုပါ​တောင်​းပန်​ပွဲကို ပြည်​မြို့ ​မြေလတ်​ ဂျာနယ်​လစ်​ကွန်​ယက်​ရုံးခန်​းတွင်​ ပြုလုပ်​ခဲ့ ပြီး  လူမှုနိုင်​ငံ​ရေး တက်​ ကြွလှုပ််​ရှားသူများ ၊ သတင်​းမီဒီယာသမားများ တက်​​ရောက်​ခဲ့သည်​။
ကိုဝင်​းလှိုင်​ သည်​ လယ်​သမားအ​ရေး ၊ ​လူ့အခွင်​့အ​ရေးနှင့်​့တရားဥပ​ဒေစိုးမိုး​ရေး၊  ငွေတိုး​ချေးစားမှုပ​ပျောက်​​ရေး အပါအဝင်​ လူထု နိုင်​ငံ​ရေးလှုတ်​ရှားမှုများ ​ကြောင်​့ ယခင်​အစိုးရလက်​ထက်​က ​ထောင်​အကြိမ်​ကြိမ်​ကျခဲ့သူဖြစ်​သည်​။ တစ်​ကိုယ်​​တော်​​ဆန္ဒပြမှုများကို ပြုလုပ်​သဖြင်​့ တစ်​ကိုယ်​​တော်​ ဝင်​းလှိုင်​ဟု လူသိများပြီး ပြည်​မြို့နယ်​ တရားရုံးကို တစ်​ပတ်​တစ်​ကြိမ်​ ဆန္ဒပြ​နေသူဖြစ်​သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly