ချက်သမ္မတနိုင်ငံက ထူးခြားတဲ့ စွတ်ဖားစီးပွဲ

ချက်သမ္မတနိုင်ငံက ထူးခြားတဲ့ စွတ်ဖားစီးပွဲ

မတ် ၂၅ ။              ။ ချက်သမ္မတ နိုင်ငံမှာ ယခုနှစ်ကျင်းပလာတဲ့ စွတ်ဖားစီးပွဲမှာတော့ တစ်မူထူးခြားတဲ့ စွတ်ဖား ပုံစံတွေနဲ့ ပါ၀င်ဆင်နွှဲခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ယခုနှစ်မှာတော့ ပါ၀င်စီးကြသူတွေဟာ စွတ်ဖားတွေကို မြင်းရထားပုံစံ၊ ခွေးပုံစံ၊ ဘေးတွဲပါ ဆိုင်ကယ် ပုံစံ၊ ကုလားအုပ်ပုံစံ စတာတွေနဲ့ ထူးထူးခြားခြား ၀င်ရောက်စီးနင်းပြသခဲ့ကြပါတယ်။

ယခု ပွဲမှာက နှင်းခဲတောင်ကုန်းထက်ကနေ အောက်ကို စွတ်ဖားတွေနဲ့ လျှောချကြရမှာဖြစ်ပေမယ့် ကုန်းဆင်းလမ်းတစ်ဝက်မှာက ကမူကထစ်တစ်ခု ရှိနေမှာဖြစ်တဲ့အတွက် အောင်အောင်မြင်မြင်နဲ့ အောက်ကို ဆက်တိုက် လျှော့ချစီးနင်းနိုင်ဖို့ သိပ်မလွယ်လှပါဘူး။

ယင်းအတွက်ကြောင့်လည်း ပါ၀င်စီးနင်းသူတွေအနေနဲ့ လမ်းတစ်ဝက်မှာပဲ ဘေးအကာအရံတွေကို ၀င်တိုက်ကာ စွတ်ဖားတွေ ပျက်စီးသွားရတာမျိုးနဲ့ ကြံုခဲ့ကြရပါတယ်။

၁၉၈၃ ခုနှစ်ကတည်းကစလို့ ချက်တို့ဟာ နှစ်စဉ်ကျင်းပတဲ့ ယင်းစွတ်ဖားစီးပွဲကို ဆင်နွွှွဲလာခဲ့တယ်လို့ သိရပြီး ယင်းစီးနင်းမှုမှာတော့ စွတ်ဖားတွေကို စီးမယ့်သူတွေကိုယ်တိုင်ဖန်တီးရမှာဖြစ်သလို စီးဖို့ သတ္တိလည်း ရှိဖို့လိုအပ်မှာဖြစ်တယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags