Miss Myanmar World 2017 ပြိုင်ပွဲအတွက် ပဏာမအဆင့် ရွေးချယ်

Miss Myanmar World 2017 ပြိုင်ပွဲအတွက် ပဏာမအဆင့် ရွေးချယ်

ရန်ကုန်၊ မတ် ၂၅ ။                     ။ Miss Myanmar World 2017 ပြိုင်ပွဲ အတွက် လာရောက်လျှောက်ထားကြသည့် သူများထဲမှ ပဏာမအဆင့် အနေဖြင့် အယောက် ၅၀ကို ရွေးချယ်ပြီးစီပြီ ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ Samitivej ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုများ အဆင့်ဆင့် ပြုလုပ်ခဲ့ကြသည်။
 
ပဏာမအဆင့် အနေဖြင့် အယောက် ၄၀ထဲမှ ဆန်ခါတင် အယောက် ၂၀ကို ထပ်မံ ရွေးချယ်သွားမည် ဖြစ်ပြီး ထိုဆန်ကာတင် အယောက် ၂၀ကို ဧပြီ ၄ရက်တွင် စာနယ်ဇင်း မီဒီယာများနှင့် မိတ်ဆက်ပေးသွားမည် ဖြစ် သည်။
 
Miss Myanmar World 2017 ပြိုင်ပွဲ အတွက် ဆန်ခါတင်အဖြစ် ရွေးချယ်ခြင်းခံရသည့် အယောက် ၂၀သည် Miss Myanmar World Organization နှင့်အတူ ယခင်နှစ်များနှင့် မတူညီသည့် Activities များကို တစ်လခွဲ ကြာ ပြုလုပ်ရမည် ဖြစ်သည်။ ပြိုင်ပွဲအတွက် လိုအပ်သည့် သင်ကြားမှုပိုင်းများကို Show Director Mr. Brian Jeremiah မှ သင်ကြားပေးသွားမည် ဖြစ်သည်။
 
ပဏာမအဆင့် ရွေးချယ်ခံရသူများမှာ မရှယ်မီမောင်၊ မခြူးစစ်ဟန်၊ မထက်အိန္ဒြာဝင်း (ခ) Elena ၊ မမိယဉ်စနိုင်း၊ မယမင်းသီရိ (ခ) Grace၊ မနန်းရွှေစင်ဝင့် (ခ) ရွှေစင်ကိုကို၊ မသဲနန္ဒာဆု၊ မအိကျော့ခိုင် (ခ) Estella ၊ မဇင်သူဇာသိန်း (ခ) နန်းအိန္ဒြေရှင်၊ မအိအိခိုင် (ခ) အိန္ဒြာမြင့်မိုရ်၊ မနေနွယ်ထိုက် (ခ) Eudora၊ မထွန်းပုလဲရတနာ၊ မဆက်ရည်ဝင်း (ခ) Sora Set ၊ မဥမ္မာမေမောင်၊ မဟံသာဇေ (ခ) မြသီရိစိုး၊ မထွန်းအိန္ဒြာရှင်၊ မဂျာဆိုင်းအိန်၊ မနေခြည်လင်း၊ မအိနုဝေ၊ မချမ်းမြေ့သူ (ခ) ခိုင်ဇင်သက်ထားဘို၊ မအေးချမ်းထင်ဇော် (ခ) မေယုံကြည်၊ မသည်းရတနာ၊ မအေးမြင့်မြတ်မိုး (ခ) မေမြင့်မြတ်၊ နန်းစုလှိုင်နှင်း (ခ) Amera Myat Noe ၊ မချစ်စုသဲ၊ မသီရိသူ၊ မမေသက်ကျော်၊ မမေဦးမွန်၊ မထွယ်ဆန်အောင် (ခ) Ds King၊ မထွေးအိအိလှိုင် (ခ) စျာန်ထိပ်ထား ၊ မသိမ့်နန္ဒာအောင်၊ မပန်းပွင့်ဖြူစင်၊ မချစ်နုလွင် (ခ) Kris၊ မခိုင်မီမီဇော် (ခ) မခိုင်မီမီဇော်လွင်၊ မသီရိဝင်းထွန်း (ခ) ဘုတ်ဘုတ်၊ မရွှန်းလဲ့သဒ္ဒါလွင် (ခ) ဟန်နီ၊ မသင်းသီရိစိုး၊ မနန်းထွေးခမ်း၊ မကျော့အိဖြူ (ခ) နူးနူး၊ မနော်ဒီဘိုးရာ၊ မမေယုခိုင်၊ မကေခိုင်မြင့်၊ မပိုးဝသုန်ကျော်၊ မခြိမ့်ဝဠာ၊ မလဲ့ရွှေရည်မင်းအောင်၊ မယုဇနထွန်း၊ မခိုင်ဇင်ဝင်း (ခ) ဂျူးဂျူးကို၊ မဆိုင်းဘူ၊ မဇင်မာဝင်း (ခ) ဇင်ရတီလင်း၊ မစတီနာလားလ်ရမ်းရွတ်တို့ပဲ ဖြစ်ကြသည်။
 
Miss Myanmar World Organization မှ Miss Myanmar World 2017 အဖြစ် ရွေးချယ်ခြင်း ခံရသူကို ကျပ် သိန်း ၁၀၀ ၊ 1st runner up ကို ကျပ် သိန်း ၃၀ ၊ 2nd runner up ကို ကျပ် သိန်း ၂၀ ချီးမြှင်မည် ဖြစ်ပြီး ရွှေနန်းတော် စိန်ရွှေရတနာဆိုင်မှ ဖန်တီးပေးမည့် Crown ကိုလည်း ချီးမြှင့်သွားမည် ဖြစ်သည်။
 
Miss Myanmar World 2017 နောက်ဆုံးပြိုင်ပွဲကြီးကို ဇွန်လ ၁၀ရက်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး ထိုယှဉ်ပြိုင်မှုများကို Channel-7 ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly