တောင်ကိုရီးယားတွင် လူ ၃၀၀ ကျော် သေဆုံးစေခဲ့သည့် နစ်မြုပ်ရေယာဉ် ဆယ်ယူမှု အောင်မြင်

တောင်ကိုရီးယားတွင် လူ ၃၀၀ ကျော် သေဆုံးစေခဲ့သည့် နစ်မြုပ်ရေယာဉ် ဆယ်ယူမှု အောင်မြင်

မတ် ၂၅ ။                  ။ တောင်ကိုရီးယားတို့ရဲ့ နစ်မြုပ် စီဝူးလ် ကူးတို့ရေယာဉ်ကို ယခုအခါ ဆယ်ယူရေး သင်္ဘောကြီးပေါ်ကို အောင်မြင်စွာနဲ့ ဆယ်ယူ ဆွဲတင်ထားနိုင်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက မတ်လ ၂၅ ရက်မှာ ပြောပါတယ်။

ယခုအခါမှာတော့ ယင်းနစ်မြုပ်ရေယာဉ်ကို ဆိပ်ကမ်းကို တစ်ဆင့်သယ်ဆောင်ဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။

အဆိုပါ ရေယာဉ်မှာ လွန်ခဲ့တဲ့ သုံးနှစ်အကြာက နစ်မြုပ်ခဲ့တာဖြစ်ပြီး လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ အဆိုးဝါးဆုံးသော ဖြစ်ရပ်ဆိုးတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့ပါတယ်။ သေဆုံးသူအားလုံးဟာ ကျောင်းသား၊သူတွေဖြစ်ကြပြီး ယနေ့အချိန်ထိ ရုပ်အလောင်းကိုးလောင်း ပြန်မတွေ့ရသေးဘဲ ယင်းရေယာဉ်ပျက်ထဲမှာပဲ ရှိနေလိမ့်မယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။

" ဒါကို မော့ပို ဆိပ်ကမ်းကို ဆွဲသယ်ဖို့  သုံးရက်ကနေ ငါးရက်အထိ ကြာနိုင်ပါသေးတယ်" ဆိုပြီး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခုလို ဆယ်ယူရရှိထားတဲ့ ဖယ်ရီသင်္ဘောကို ပြန်လည်သယ်ယူပြီးနောက် ရေငုပ်သမားတွေက ယင်းနေရာတစ်ဝိုက် ဆက်လက်ရှာဖွေကြဦးမှာဖြစ်ပြီး တခြား ရေယာဉ် အပျက်အစီး ရှိမရှိ ထပ်မံသေချာအောင် ရှာဖွေဦးမှာလည်း ဖြစ်ပါတယ်။

ယခု စီဝူးလ် ဖယ်ရီသင်္ဘောကို ဧပြီလအစောပိုင်းမှာ မော့ပို ဆိပ်ကမ်းမှာ ဒေါက်တင်ထားမှာ ဖြစ်ပြီး ယင်းအချိန်ကျမှပဲ ရေယာဉ်ပျက်အတွင်းမှာ ကျန်ရှိ ရုပ်အလောင်းတွေ ရှိမရှိ ရှာဖွေကြမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly