အစ္စရေးနိုင်ငံက ရွှံ့နေ့အထိမ်းအမှတ် အတားအဆီးဖြတ်ပြေးပွဲ လူထောင်ပေါင်းများစွာ ပါ၀င်ဆင်နွှဲ

အစ္စရေးနိုင်ငံက ရွှံ့နေ့အထိမ်းအမှတ် အတားအဆီးဖြတ်ပြေးပွဲ လူထောင်ပေါင်းများစွာ ပါ၀င်ဆင်နွှဲ

မတ် ၂၅ ။                ။ အစ္စရေးနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ ရွှံ့နေ့ ဆိုင်ရာ အတားအဆီးခရီးကြမ်းဖြတ် ပြေးပွဲမှာတော့ အစ္စရေးနိုင်ငံသားတွေအပြင် နိုင်ငံခြားသား ထောင်ပေါင်းများစွာတို့ တစ်ပျော်တစ်ပါး ပါ၀င် ဆင်နွှဲခဲ့ကြပါတယ်။

ရွှံ့နေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ ယင်းပြေးပွဲမှာတော့ ပါ၀င်ယှဉ်ပြိုင်သူတွေအဟာ အတားအဆီးပေါင်း ၂၂ ခုလောက်အထိကို ဖြတ်ပြေးကြရမှာ ဖြစ်ပါတယ်။ အဲဒီအတားအဆီးတွေထဲမှာတော့ ကြိုးတွေနဲ့ တွဲလွဲခိုသွားရတာမျိုး ၊ သံဆူးကြိုးတွေအောက်ကနေ ၀မ်းလျားမှောက် ဖြတ်ရတာ၊ ရွှံ့နွှံကုန်းမြင့်တွေပေါ်ကို တက်ရတာ၊ ရေခဲတမျှ အေးတဲ့ ရေထဲကို ဖြတ်သွားရတာမျိုး၊ ရွှံ့ရေတွေထဲမှာ ငုပ်ရှိုးသွားရတာမျိုးတွေ ပါ၀င်မှာ ဖြစ်ပါတယ်။

ပြေးလမ်းတစ်လျှောက် ရွှံ့နွံတွေလိုမျိုး အခက်အခဲတွေကို အဓိကကျော်ဖြတ်ရမှာဖြစ်တဲ့အတွက် ပါ၀င်သူတွေအနေနဲ့ ညစ်ပတ်ပေရေကာ တစ်ဦးနှင့်တစ်ဦး စနောက်ရင်းနဲ့ တစ်ပျော်တစ်ပါး ပါ၀င်နိုင်ကြမှာ ဖြစ်ပါတယ်။

ယခုပြေးပွဲမှာတော့ အမျိုးသား၊အမျိုးသမီး လူပေါင်း ၅,၀၀၀ လောက် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့တော် Tel Aviv က ပန်းခြံကြီးတစ်ခုမှာ ကျင်းပတာဖြစ်ပါတယ်။

ပြင်သစ်၊ အမေရိကန်၊ ပိုလန်၊ ယူကရိန်း နဲ့ အခြားနိုင်ငံစုံက ပါ၀င်သူတွေဟာ အစ္စရေးတို့နဲ့အတူ ပူးပေါင်းပြီး ယခုလို ရှစ်မိုင် ရှည်လားတဲ့ အတားအဆီး ခရီးကို ဖြတ်ပြေးကြရတာ ဖြစ်ပါတယ်။

ပြေးပွဲမှာ ပါ၀င်ယှဉ်ပြိုင်သူအားလုံး တစ်ကိုယ်လုံးမှာ ညစ်ပတ်ပေရေနေတာကိုလည်း တွေ့ကြရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly