အာဆင်နယ်နှင့် သက်တမ်းထပ်တိုးရန် အာစင်ဝင်းဂါးကို ပီရက်စ် တိုက်တွန်း

အာဆင်နယ်နှင့် သက်တမ်းထပ်တိုးရန် အာစင်ဝင်းဂါးကို ပီရက်စ် တိုက်တွန်း

လန်ဒန်၊ မတ် ၂၅ ။            ။ အာဆင်နယ်ကွင်းလယ်လူဟောင်းပီရက်စ်က နည်းပြအာစင်ဝင်းဂါးကို အသင်းနှင့် စာချုပ်သက်တမ်း ထပ်တိုးရန် တိုက်တွန်းလိုက်သည်။

လက်ရှိတွင် ရလဒ်များဆိုးရွားမှုကြောင့် အာစင်ဝင်းဂါးမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး အသင်းပရိသတ်များကလည်း အသင်းမှ ထွက်ခွာသွားရန် ဆန္ဒပြတောင်းဆိုနေကြသည်။

သို့သော် ပီရက်စ်က အာဆင်နယ်အသင်း တည်ငြိမ်မှုရရှိရန်အတွက် အာစင်ဝင်းဂါးကို လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

ပီရက်ဇ်က "အာစင်ဝင်းဂါးအတွက် အရေးအကြီးဆုံးက အသင်းနဲ့ စာချုပ်သက်တမ်းတိုးရေးပါ။ လက်ရှိမှာ အာဆင်နယ်ဟာ စည်းလုံးမှု ပြိုကွဲနေတယ်။

ဒါကို တည်ငြိမ်အောင် လုပ်ဖို့က အာစင်ဝင်းဂါးပဲ တတ်နိုင်တာပါ။ အာဆင်နယ်အတွက် အာစင်ဝင်းဂါးဟာ အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်ပါ။ အသင်းတည်ငြိမ်မှုရအောင် သူလုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ဆိုခဲ့သည်။

ပီရက်စ် အာစင်ဝင်းဂါးလက်အောက်တွင် ၂၀၀၀ မှ ၂၀၀၆ ခုနှစ်အထိ ကစားခဲ့ပြီး ပွဲပေါင်း ၁၈၉ ပွဲတွင် ၆၂ ဂိုး သွင်းယူပေးခဲ့သည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly