Cheese In The Trap ရုပ်ရှင်တွင် ဆန်ဒရာပါ့ခ်နှင့် ကင်မ်ဟွမ်းဂျင်တို့ ပါ၀င်သရုပ်ဆောင်မည်

Cheese In The Trap ရုပ်ရှင်တွင် ဆန်ဒရာပါ့ခ်နှင့် ကင်မ်ဟွမ်းဂျင်တို့ ပါ၀င်သရုပ်ဆောင်မည်

Mountain Movement Story မှ မတ် ၂၄ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်အရ 2NE1 အဖွဲ့ဝင် ဟောင်း ဆန်ဒရာပါ့ခ်နှင့် မင်းသား ကင်မ်ဟွမ်းဂျင်တို့သည် နာမည်ကျော် အင်တာနက်ရုပ်ပြ ဇာတ်လမ်း “Cheese In The Trap” ကို ရုပ်ရှင်အဖြစ် ဖန်တီးရာတွင် ပါ၀င်သရုပ်ဆောင်မည်ဖြစ်သည်။

Cheese In The Trap ရုပ်ပြဇာတ်လမ်းကို tvN ရုပ်သံလိုင်းမှ ဇာတ်လမ်းတွဲအနေဖြင့် ထုတ်လွှင့်ပြသခဲ့ဖူးပြီး ယခုအခါတွင် ရုပ်ရှင်အဖြစ် ထုတ်လုပ်ရိုက်ကူးမည်ဖြစ်သည်။

ဆန်ဒရာပါ့ခ်သည် Missing Korea ၊ One More Happy Ending တို့ကဲ့သို့သော ဇာတ်လမ်းတွဲများတွင်လည်း ပါ၀င်သရုပ်ဆောင်ခဲ့ဖူးပြီး သူမ၏ ပွဲဦးထွက် ရုပ်ရှင်ကားကြီးဖြစ်သော One Step ကို လာမည့်ဧပြီလတွင် ရုံတင် ပြသသွားမည် ဖြစ်သည်။

Cheese In The Trap ရုပ်ရှင်၌ ဆန်ဒရာပါ့ခ်သည် ခေါင်းဆောင်မင်းသမီး ဟောင်ဆိုးလ်၏ ရိုးသားသော အကောင်းဆုံးသူငယ်ချင်းဖြစ်သူ ဂျန်ဘိုရာဇာတ်ကောင်နေရာမှ ပါ၀င်သရုပ်ဆောင်မည်ဟု သိရသည်။

မင်းသားကင်မ်ဟွမ်းဂျင်သည် ဂျန်ဘိုရာအား တစ်ဖက်သတ်ကြွေနေသော ရုပ်ရည်ချောမောသည့် ကောင်လေး ကွမ်ယွန်းတိတ်ခ် အဖြစ် သရုပ်ဆောင်မည်ဖြစ်ကာ ဂျန်ဘိုရာ အမြဲတမ်း စောင့်ရှောက်၍ ဂရုစိုက်ပေးနေသော ကောင်လေးအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။ ကင်မ်ဟွမ်းဂျင်သည် အဆိုပါဇာတ်ကား၌ ခေါင်းဆောင်မင်းသား နေရာမှ သရုပ်ဆောင်မည်ဖြစ်သော ပါ့ခ်ဟေးဂျင်နှင့်လည်း Man to Man ဇာတ်လမ်းတွဲ၌ တွဲဖက်သရုပ်ဆောင် ထားဖူးသည်။

သရုပ်ဆောင်များအားလုံးနှင့် ရိုက်ကူးရေးအဖွဲ့သားများသည် လာမည့် မတ်လ ၂၅ရက်နေ့၌ တရားဝင်ဆွေးနွေး မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ရိုက်ကူးရေးများကို လာမည့် ဧပြီလတွင် စတင်မည်ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly