အောင်လအန်ဆန်၏ လေလံပွဲမှအကျိုးအမြတ်များ ကချင်စစ်ရှောင်များအား လှူဒါန်းမည်

အောင်လအန်ဆန်၏ လေလံပွဲမှအကျိုးအမြတ်များ ကချင်စစ်ရှောင်များအား လှူဒါန်းမည်
(ဓာတ်ပုံ-သူရ မဇ္ဈိမ)

ရန်ကုန်၊ မတ်လ ၂၄ ။           ။ အောင်လအန်ဆန် ၏ အသုံးအဆောင်များ လေလံတင်ရောင်းချပွဲတစ်ရပ်ကို မတ်လ ၃၁ရက်နေ့၊ ညနေ ၅ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး အကျိုးအမြတ်တွေကို လှူဒါန်းသွားမည်ဟု သိရသည်။

လေလံပွဲတွင် အောင်လအန်ဆန် ဝတ်ဆင်ခဲ့သော ရှပ်အကျီ ၊ ဘောင်းဘီများအပြင် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော ရွှေတံဆိပ်ဆုကိုပါ လေလံတင်ရောင်းချကာ စျေးအမြင့်ဆုံးခေါ်ယူမည့်သူနှင့် ကိုးရီးယားစားသောက်ဆိုင်တွင် ညစာအတူစားမည့် အစီအစဉ်ပါ၀င်သည်။

လေလံပွဲကို မတ်လ ၃၁ ရက်၊ ညနေ ၅ နာရီ၊ အမှတ် ၃၁ (A) ၊ နဝဒေးလမ်း ၊ ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

လေလံတင်ရောင်းချမည့် ရွှေတံဆိပ်ဆုမှာ North American Grappling Association Tournament တွင် အနိုင်ရခဲ့သည့် ရွှေတံဆိပ်ဖြစ်ပြီး One Championship (One FC) ပွဲတွင် ဝတ်ဆင်ခဲ့သည့် ရှပ်အကျီ နှင့် ဘောင်းဘီများပါဝင်ကြောင်း သိရသည်။

ယခုပွဲမှ ရရှိသည့် အကျိုးအမြတ်များအား ကချင်ပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်များကို ကူညီပေးနေသော Shingni N-Bat Charity အဖွဲ့ထံသို့ လှူဒါန်းပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လေလံပွဲတွင် စျေးအများဆုံးဖြင့် အနိုင်ရရှိသောသူသည် မိမိနှင့်အတူ အပိုလူနှစ်ယောက် ထပ်မံခေါ်ဆောင်လာနိုင်ကာ လက်ဝှေ့သမား အောင်လအန်ဆန်နှင့်အတူ Sorabol ကိုးရီးယားစားသောက်ဆိုင်တွင် ညစာစားသုံးနိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်သည်။

အောင်လ အန်ဆန်မှာ ယနေ့ မတ်လ ၂၄ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ မြန်မာနိုင်ငံသို့ ပြန်လာနေကြောင်း သူ့ ဖေ့စ်ဘွတ်စ် စာမျက်နှာတွင် ရေးသားဖော်ပြထားပြီး မြစ်ကြီးနားသို့ ပြန်ရန် အစီအစဉ်များလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly