ဇိန်းမာလစ်ခ်နှင့် ရက်ပါ PARTYNEXTDOOR တို့ တွဲဖက်သီဆိုထားသော Still Got Time သီချင်း ထွက်ရှိ

ဇိန်းမာလစ်ခ်နှင့် ရက်ပါ PARTYNEXTDOOR တို့ တွဲဖက်သီဆိုထားသော Still Got Time သီချင်း ထွက်ရှိ

အဆိုတော် ဇိန်းမာလစ်ခ်သည် ပြီးခဲ့သော အင်္ဂါနေ့က သူ၏ သီချင်းအသစ် Still Got Time ထွက်ရှိတော့ မည်ကို တွစ်တာအကောင့်မှတဆင့် ပရိသတ်အား အသိပေးခဲ့ပြီးနောက်တွင် ယနေ့သောကြာနေ့၌ သီချင်းအပြည့်အစုံ ထွက်ရှိလာပြီဖြစ်သည်။

ထိုသီချင်းအသစ်ထဲတွင် အဆိုတော် ဒရိတ်ခ်၊ ရီဟားနားတို့နှင့် အနုပညာတွဲဖက် လုပ်ကိုင်ဖူးသော ရက်ပါ PARTYNEXTDOOR က အားဖြည့်သီဆိုပေးထားသည်။

မာလစ်ခ်သည် သူ၏ အနုပညာခြေလှမ်းအား One Direction အဖွဲ့နှင့် စတင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် အဖွဲ့မှ ထွက်ခဲ့ကာ တစ်ကိုယ်တော် အနုပညာရှင်အဖြစ် ရပ်တည်လျက်ရှိသည်။ သူ၏ ပေါက်သီချင်းများဖြစ် သော Pillowtalk နှင့် Like I Would တို့ပါ၀င်သည့် ပွဲဦးထွက် သီချင်းခွေသစ် Mind of Mine ကို ပြီးခဲ့သော ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သည်။ သူသည် MIA နှင့်အတူ Freedun သီချင်း၌ ပါ၀င်သီဆိုပေးထားသလို တေလာဆွစ်နှင့်လည်း I Don’t Wanna Live Forever ဆိုသော Fifty Shades Darker ရုပ်ရှင်ထဲမှ ဇာတ်ဝင် တေးကိုလည်း တွဲဖက်သီဆိုထားခဲ့သည်။

သူ၏ ဒုတိယသီချင်းအယ်လ်ဘမ်ကို လာမည့်နွေရာသီအတွင်း ထွက်ရှိနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref: People

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly