ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ရန် မန်ယူအသင်း နီးစပ်နေပြီဟု သတင်းထွက်

ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ရန် မန်ယူအသင်း နီးစပ်နေပြီဟု သတင်းထွက်

မတ် ၂၄၊ မန်ချက်စတာ။                   ။ မန်ချက်စတာယူနိုက်တက်အသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကိုခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သတင်းထွက် နေကြောင်း မယ်ရာသတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးသည် ယူနိုက်တက်အသင်း၏နွေရာသီပစ်မှတ်ဖြစ်ပြီး တိုက်စစ်မှူးနှင့်နီးစပ်သူတစ်ဦးက အပြောင်းအရွှေ့ဖြစ်လုနီးပါးဖြစ်နေပြီဟု ယုံကြည်ကြောင်းပြောသည်ဟု မန်ချက်စတာ ညနေခင်းသတင်းတွင် ဖော်ပြထားသည်။

ဂရစ်ဇ်မန်းအတွက်ပြောင်းရွှေ့ကြေးမှာ ပေါင် ၈၆ သန်းထက်များနိုင်သော်လည်း လာမည့်ရာသီတွင်ဖလားရယူရေးအတွက် နည်းပြမော်ရင်ဟိုကိုထောက်ပံ့ပေးလိုသည့် ယူနိုက်တက်အတွက် အခက်အခဲဖြစ်စေမည် မဟုတ်ပေ။

အက်သလက်တီကိုအသင်းအနေဖြင့်လည်း စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ ရပါက ကြယ်ပွင့်ကစားသမားကို တားဆီးရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။

ယူနိုက်တက်မှ ဝိန်းရွန်နီထွက်ခွာဖွယ်ရှိနေချိန်တွင် မော်ရင်ဟိုသည် တိုက်စစ်အသစ်ကိုဖန်တီးချင်နေပြီး စာချုပ်သက်တမ်းတိုးဖွယ်ရှိသည့် အီဘရာဟီမိုဗစ်ကို ဂရစ်ဇ်မန်းနှင့်တွဲဖက်အသုံးပြုချင်နေသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly