ရာဇဝတ်မှုကြီးများနောက်ကွယ်တွင် နိုင်ငံရေးပယောဂများပါဝင်နေဟု ဆို

ရာဇဝတ်မှုကြီးများနောက်ကွယ်တွင် နိုင်ငံရေးပယောဂများပါဝင်နေဟု ဆို

ရန်ကုန်   မတ်   ၂၃ ။              ။ ယခုနှစ်ပိုင်းအတွင်းဖြစ်ပွားခဲ့သည် ရာဇဝတ်မှုကြီးများ၏ နောက်ကွယ်တွင် နိုင်ငံရေးပယောဂများ ပါဝင်ဆက်နွယ် နေသည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဝင်၊ ဗိုလ်တထောင်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောသည်။

ရာဇဝတ်မှုများ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ယနေ့ မတ်လ ၂၃ ရက်နေ့က မဇ္စျိမသိ့ု ပြောခဲ့ခြင်းဖြစ်သည်။

"ပယောဂတွေကတော့ ပါပါတယ်ရှင့်။ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ သွားတဲ့နေရာမှာ အနှောင့်အယှက် အဟန့်အတားတွေကတော့ အများကြီးရှိပါတယ်။ ဒီလိုအချိန် တရားဥပဒေစိုးမိုးရေးမှာ အနှောင့်အယှက် အဟန့်အတားတွေ နိုင်ငံရေးပယောဂတွေကတော့ ရှိပါတယ်'' ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောသည််။

ထို့အပြင် လက်ရှိအနေအထားတွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုအပေါ် ပြည်သူများကလည်း အားရကျေနပ်မှု မရှိသေးသည့်အပြင် လေးလောင်းပြိုင်၊ ငါးလောင်းပြိုင်လူသတ်မှုများ အမှုမှန် မပေါ်ပေါက်သေးခြင်းသည် မဖြစ်သင့်ကြောင်းဆိုသည်။

"ဒီအမှုတွေကို ပြည်သူတွေက စောင့်ကြည့်နေကြတယ်။ ဒီလိုအမှုတွေ မပေါ်ပေါက်သေးတဲ့ အပေါ်မှာလည်း ပြည်သူတွေက ပြည်ထဲရေး၊ ရဲဌာနတွေကို ဝိုင်းပြောကြတယ်။ လက်ညှိုးထိုးနေကြတာပဲ။ ကျွန်မတို့အနေနဲ့လည်း အားမရဘူးလေ။ ဒါတွေကလည်း မဖြစ်သင့်ဘူးလေ။ အမှုမှန်ပေါ်ပေါက်သင့်တယ်လို့ ထင်တယ်။ အမှုမှန်ပေါ်ဖို့ အကြိမ်ကြိမ်လည်း လုပ်ကြတာပဲ။ လုပ်ပြီးတော့မှ မပေါ်ဘူးဆိုတော့လည်း သမိုင်းမှာ အတော်ကြည့်ရ ဆိုးတာပေါ့" ဟုပြောသည်။

လာမည့်ဧပြီလ ၁ ရက်နေ့တွင် NLD အစိုးရ တာဝန်ယူသည်မှာ ၁ နှစ်ပြည့်တော့မည် ဖြစ်သည်။ ၁ နှစ်သား အစိုးရသက်တမ်းအတွင်းမှာပင် မြန်မာနိုင်ငံ၏အဓိကမြို့ကြီးများပေါ်တွင် ထိတ်လန့်ဖွယ်ရာ ရာဇဝတ်မှုကြီးများ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly