အန္တရာယ်​ရှိ​ကျောင်​း​ဆောင်​ အသစ်ဆောက်ပေးခြင်းမရှိ​၍ ရွက်​ဖျင်​တဲဖြင်​့ ​စာသင်​ရမည်​

အန္တရာယ်​ရှိ​ကျောင်​း​ဆောင်​ အသစ်ဆောက်ပေးခြင်းမရှိ​၍ ရွက်​ဖျင်​တဲဖြင်​့ ​စာသင်​ရမည်​

ပဲခူး၊ မတ်လ ၂၃ ။             ။ ပြိုကျပျက်​စီးနိုင်​သည်​့ အန္တရာယ်​ရှိကျောင်​းဆောင်​တစ်​ခုဖြစ်​​သော ပဲခူးတိုင်​း၊ ပြည်​ခရိုင်​ ပြည်​မြို့ နဝင်​း နယ်​​မြေ ဝါရုံမူလတန်​းလွန်​ကျောင်​းကို နိုင်​ငံ​တော်​က အသစ်​တည်​​ဆောက်​​ပေးခြင်​းမရှိသည်​့အတွက်​ ယခုနှစ်​ ​ကျောင်​းဖွင်​့ချိန်​တွင်​ ရွက်​ဖျင်​တဲဖြင်​့ စာသင်​ရမည်​ဖြစ်​​ကြောင်​း ​ကျောင်​းအုပ်​ဆရာကြီး ဦးသိန်​း ထွန်​းက ​ပြောသည်​။

"မဖြစ်​မ​နေဆိုရင်​​တော့ ကိုယ်​့နည်​းကိုယ်​့ဟန်​နဲ့ ဘုန်​းကြီး​ကျောင်​း သော်​လည်​း​ကောင်​း ၊ ယာယီရွက်​ဖျင်​တဲ​သော်​လည်​း​ကောင်​း ထိုးပြီးသင်​ရမယ်​"ဟု ဆရာကြီး ဦးသိန်​းထွန်​းက ဆိုသည်​။

အဆိုပါ​ကျောင်​းကို ၁၉၅၈ ခုနှစ်​ ၊ ဇူလိုင်​လက ​ဆောက်​လုပ်​ခဲ့ ပြီး သွပ်​မိုး ၊ တစ်​ထပ်​ ၊ အုပ်​ပတ်​ကား ဖြစ်​သည်​။ လက်ရှိတွင် ထုပ်​ ၊ ​ယောက်​ ၊ မျှားတန်​းများ ၊ ပတ်​ကားတန်​းများ ​၊ မျက်​နှာကြက်​များ ၊ သွပ်​မိုးများ ​ပေါက်​ပြ​ဲဆွေး​မြေ့ပျက်​စီး​နေပြီး ​​မြောတိုင်​များဖြင်​့ ​ထောက်​ကန်​ထားရသည်​။

မိုးတွင်​းကာလတွင်​ ​ကျောင်​းဝန်​းအတွင်​း တစ်​​ပေခွဲခန်​့ ​၊​ကျောင်​း​ဆောင်​နှင်​့ ရုံးခန်​း အတွင်​း တစ်​​ပေခန်​့ ​ရေ​ရောက်​သည်​ဟု ဆရာကြီးက ​ပြောသည်​။

"သွပ်​​တွေက မ​ကောင်​း​တော့ မိုးရွာရင်​တစ်​​ကျောင်​းလုံးနီးပါး​ရေယိုတယ်​။ မိုးအရမ်​း ကြီး ရင်​ မိုးတိတ်​မှစာသင်​တယ်​ ။ မိုးနည်​းရင်​​တော့ ​နေရာ​ရွှေ့သင်​တယ်​"ဟု ၄င်​းက ဆိုသည်​။

ပြုပြင်​မွမ်းမံရုံ ဖြင်​့ မလုံ​လောက်​သဖြင်​့ အသစ်​​ဆောက်​လုပ်​​ပေးရန်​ ​ပညာ​ရေးဌာနသို့ လေးနှစ်​တိုင်​ တင်​ပြခဲ့​သော်​လည်​း ရန်ပုံ​ငွေ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

"မ​တော်​လို့ ငလျင်​လှုပ်ခဲ့ရင်​ ဒီ​ကျောင်​းက က​လေး တွေ ဘာဖြစ်​မလဲ မ​တွေးရဲ ဘူး"ဟု ​ကျောင်​းဝန်​းအနီး​ နေထိုင်​သူ ဝါရုံရပ်​ကွက်​သား ကိုဝင်​းလှိုင်​က ​ပြောသည်​။

၂၀၁၇-၁၈ ပညာသင်​နှစ်​တွင်​ အဆိုပါမူလတန်​းလွန်​​ကျောင်​း၌သူငယ်​တန်​းမှ ​​​ခြောက်​တန်​းအထိ ​ကျောင်​းသား/ သူ ဦး​ရေ ၂၀၀ ခန်​့ ပညာသင်​ ကြားမည်​ဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly