လန်ဒန်တိုက်ခိုက်မှုအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗြိတိန်ပါလီမန်တွင် တစ်မိနစ် ငြိမ်သက်

လန်ဒန်တိုက်ခိုက်မှုအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗြိတိန်ပါလီမန်တွင် တစ်မိနစ် ငြိမ်သက်

မတ် ၂၃ ။             ။ ယမန်နေ့ မတ်လ ၂၂ ရက် လန်ဒန်မြို့လယ်ခေါင် အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ယနေ့ မတ်လ ၂၃ ရက်တွင်မူ ဗြိတိန်ပါလီမန် အစည်းအဝေးကို ပြန်လည်ဖွင့်လှစ်ကျင်းပခဲ့ပြီး ယင်းဖြစ်စဉ်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်ဟု သိရသည်။

တိုက်ခိုက်သူ အပါအဝင် လူလေးဦးခဲ့ရသည့် ယင်း ဖြစ်စဉ်နောက်ပိုင်း အကြမ်းဖက်မှုကို တုန့်ပြန်တွန်းလှန်သွားမည့် သဘောဆောင်ကာ ပါလီမန်အမတ်များ ယခုကဲ့သို့လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဖြစ်စဉ်ကြောင့် ၀မ်းနည်းညှိးငယ်နေကြသော အမတ်များက တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကြသလို အနီးအနားရှိ လန်ဒန်ရဲ့ဌာနချုပ် အပြင်ဘက်တွင် ရဲဝန်ထမ်းများကလည်း ငြိမ်သက်ဆုတောင်းခဲ့ကြကြောင်း သိရသည်။

အလားတူ ယမန်နေ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် မြို့တော်ရှိ လမ်းများပေါ်တွင် ရဲအစောင့်အကြပ် ထူထဲစွာ ချထားကာ လုံခြံုရေးတိုးမြှင့်ထားကြောင်းနှင့် မြို့တော်သူ မြို့တော်သားများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly