၂၀၁၇ ယူရိုဗွီးရှင်းပြိုင်ပွဲ၌ ရုရှားအဆိုတော် ဆိုမွိုင်လိုဗာအား ယူကရိန်းနိုင်ငံက ပါ၀င်ယှဉ်ပြိုင်ခွင့်ပိတ်ပင်

၂၀၁၇ ယူရိုဗွီးရှင်းပြိုင်ပွဲ၌ ရုရှားအဆိုတော် ဆိုမွိုင်လိုဗာအား ယူကရိန်းနိုင်ငံက ပါ၀င်ယှဉ်ပြိုင်ခွင့်ပိတ်ပင်

ယူကရိန်းနိုင်ငံသည် ယူရိုဗွီးရှင်းပြိုင်ပွဲ၌ ရုရှားကိုယ်စားပြု ယှဉ်ပြိုင်မည့် အဆိုတော် ဆိုမွိုင်လိုဗာအား သူမသည် ရုရှားနိုင်ငံမှ သိမ်းပိုက်ထားသော ခရီးမီးယားဒေသကို သွားရောက် လည်ပတ်ခဲ့သည်ဟုဆိုကာ ပြိုင်ပွဲ၌ ပါ၀င်ခွင့် ပိတ်ပင်ခဲ့သည်။

ဂျူလီယာဆိုမွိုင်လိုဗာသည် ခရီးမီးယားဒေသအား ယူကရိန်းနိုင်ငံမှ မဝင်ရောက်ဘဲ ရုရှားနိုင်ငံမှ တိုက်ရိုက်ဝင် ရောက်ခဲ့သောကြောင့် တရားမဝင်ဖြစ်သည်ဟု သတ်မှတ်ကာ ယူကရိန်းနိုင်ငံသို့ လာရောက်လည်ပတ်ခွင့် ၃နှစ် ခန့် ပိတ်ပင်ခံခဲ့ရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဆိုမွိုင်လိုဗာက သူမသည် လွန်ခဲ့သော ၂၀၁၅ခုနှစ်က ခရီးမီးယား၌ သီချင်းသွားဆိုခဲ့ ကြောင်း အတည်ပြုခဲ့သည်။ ယူကရိန်းနိုင်ငံသည် ယူရိုဗွီးရှင်းပြိုင်ပွဲအား လာမည့်မေလ၌ ကိဗ်မြို့တွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။

ယူရိုဗွီးရှင်းပြိုင်ပွဲအား တည်ထောင်ခဲ့သော ဥရောပသတင်းထုတ်လွှင့်မှုသမဂ္ဂ (EBU) က အဆိုပါသတင်းနှင့် ပက်သက်၍ အလွန်ကို စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ပြောခဲ့သည်။

“ကျနော်တို့ အိမ်ရှင်နိုင်ငံရဲ့ ပြည်တွင်းဥပဒေများကို လေးစားလိုက်နာပါတယ်။ သို့သော်လည်း အဆိုပါသတင်း နှင့်ပက်သက်၍ အလွန်ကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်” ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

EBU က ၄င်းတို့သည် ယူကရိန်းအာဏာပိုင်များနှင့် ဆွေးနွေးပြောဆိုမည်ဖြစ်ကြောင်းနှင့် အနုပညာရှင်များ အားလုံး ကိတ်ဗ်မြို့တွင် ဖျော်ဖြေခွင့်ရရှိသွားဖို့ သေချာအောင် ကြိုးစားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ရုရှားနိုင်ငံမှ ၀ါရင့်နိုင်ငံရေးသမားများက အဆိုပါပြိုင်ပွဲကို သပိတ်မှောက်သွားရန် တောင်းဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags