အာဏာရှင်စနစ် မဖြစ်ဖို့ ပါတီဝင်များ တာဝန်ရှိဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ်ပြော

အာဏာရှင်စနစ် မဖြစ်ဖို့ ပါတီဝင်များ တာဝန်ရှိဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ်ပြော

ပုသိမ်၊ မတ်လ ၂၃ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီး ဗဟို၊တိုင်းခရိုင် မြို့နယ် အလုပ်အမှုဆောင်ပွဲတွင် အာဏာရှင်ဆန်တဲ့စနစ် ပြန်မပေါ်ပေါက်ရေးဟာ ပါတီဝင်တိုင်း တာဝန်ဖြစ်ကြောင်း ဗဟိုကော်မတီဝင်ဦးမန်းဂျော်နီက ပြောကြားခဲ့သည်။

“ အာဏာရှင်ဆန်တဲ့စနစ်မျိုး ဘယ်တော့မှ မပေါ်ပေါက်အောင် ကြိုးစားမယ်ဆိုတာ ကျွန်တော်တို့ NLD ပါတီဝင်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ တစ်ချိန်က တော်လှန်ရေးကာလမဟုတ်တော့ဘူး။  အခုတည်ဆောက်ရေးကာလမှာ ကျွန်တော်တို့အမျိုးမျိုး ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော် ရင်ဆိုင်ခဲ့ရတာ လူမှုရေးအဖွဲ့အစည်းတွေဟာ လူအခွင့်အရေးဆိုတဲ့ Message နဲ့ဝင်လာပြီး ကျွန်တော်တို့ လှုပ်ရှားနေတဲ့ဟာတွေ အဟန့်အတားဖြစ်စေပါတယ် ။ ဘာသာရေးလူမျိုးရေး အဖွဲ့အစည်းတွေကလည်း လာပြီးတော့ အမျိုးမျိုး စိန်ခေါ်နေပါတယ် ။ ဒါတွေကို အများကြီး သတိထားရပါတယ်။ တချို့က ဒီမိုကရေစီအမည်တပ်ပြီး ဘယ်လိုလည်း မပြောတတ်တော့ပါဘူး ။ အဲဒါမျိုးတွေအများကြီးရှိတယ် ။ ပါတီဝင်တွေသတိထားရပါမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ် ပါတီဝင်များတွေ့ဆုံပွဲတွင် ပါတီ ဗဟိုကော်မတီဝင်ဦးမန်းဂျော်နီက ပါတီဝင်များအား ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟို၊တိုင်း၊ခိုင် ၆ခုနှင့် ၂၆ မြို့နယ်တွေ့ဆုံပွဲအား ပုသိမ်မြို့၊မြို့တော်ခန်းမ မတ်လ၂၃ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

လယ်ယာ၊ စီးပွားရေးနှင့် ပတ်သက်ပြီး အောက်ခြေနှင့်ထိတွေ့မှုရှိရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦးက က ပြောခဲ့သေးသည်။

"လယ်ယာနဲ့ပတ်သက်ရင် တည်ငြိမ်ဖို့ မတည်ငြိမ်ရင် စီးပွားရေးဖွံဖြိုးမတိုးတက်နိုင်ဘူး ။ ဂက်စ်တို့ ရွှေထည်တို့ကျောက်စိမ်းတို့ တချိန်ကုန်သွားမှာ ။ တကယ်ကျန်မှာ စီးပွားလုပ်ငန်းဟာ စိုက်ပျိုးတိုးတက်လာအောင်အကောင်အထည်ဖော်တဲ့နေရာမှာ ပိုမိုပြီးဆောင်ရွက်နိုင်အောင်၊ တကယ် လုပ်တဲ့သူတွေဟာ လုပ်သလောက် အခွင့်အရေး ခံစားနိုင်အောင် ဖြစ်နိုင်တဲ့တည်ငြိမ်မှုပေးနိုင်အောင် အမှုဆောင်အဖွဲ့ပုဂ္ဂ္ဂိုလ်တွေကမြို့နယ်အောက်ခြေကအဖွဲ့အစည်းတွေ  လယ်သမားတွေနဲ့ ပိုမိုတွေ့ထိအောင်တွေ့ပါ စည်းရုံးပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦးက ဗဟိုတိုင်းခရိုင်မြို့နယ်အလုပ်အမှုဆောင်တွေ့ဆုံပွဲတွင် ပါတီဝင်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး “ အလုပ်သမားဥပဒေထုတ်ပြန်တာရှိတယ် အများကြီးကျန်ပါသေးတယ် ထုတ်ပြန်တာဥပဒေပဲထုတ်ပြန်နိုင်ပါတယ် ။ လုပ်နိုင်ကိုင်နိုင်တဲ့ လုပ်ထုံးလုပ်နည်း နောက်ကျတဲ့ ဆိုတဲ့ အကြောင်းအမျိုးမျိုးပေါ်မှာရှိနေတယ်။ ကြားကလုပ်ကိုင်ပေးတဲ့သူတွေဟာ အထက်ကိုပဲ မလာလို့ မချပေးလို့ပြောပြီး လုပ်ပေးတာတွေဟာ အခြေခံ ရ ရမယ် ။လယ်သမား အလုပ်သမားတွေဟာ ထိုက်သင့်တာမရတာတွေကြောင့် ပြဿနာဖြစ်တာတွေ ရှိတယ် ။အဲဒါတွေမှာသိပြီး ထဲထဲဝင်ဝင် အခြေခံကျအောင် လုပ်ပေးခြင်းအားဖြင့် စည်းရုံးရေးဟာမြှင့်တင်လာမှာဖြစ်ပါတယ်။ တိုးတက်လာမှာ ဖြစ်ပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly