ဗြိတိန် အကြမ်းဖက်မှုနှင့်ပတ်သက်၍ သံသယရှိသူ ခုနှစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးထား

ဗြိတိန် အကြမ်းဖက်မှုနှင့်ပတ်သက်၍ သံသယရှိသူ ခုနှစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးထား

မတ် ၂၃ ။              ။ ဗြိတိန် ပါလီမန် လွှတ်တော်အဆောက်အအုံအနီးဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် စပ်လျင်း၍ ရဲတပ်ဖွဲ့က ယနေ့ မတ်လ  ၂၃ ရက်က လန်ဒန်နှင့် ဘာမင်ဂမ်မြို့ တို့တွင် ၀င်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့ပြီး သံသယရှိသူခုနှစ်ဦးကို ဖမ်းဆီးထားကြောင်း ထုတ်ပြန်သည်။

အလားတူ ယမန်နေ့ ဖြစ်စဉ်တွင် သေဆုံးသူ လေးဦးရှိခဲ့ကြောင်း အစောပိုင်းက ဖော်ပြထားခဲ့သော်လည်း ယခုအခါ သုံးဦးသာ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြန်လည် ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

" ကျွန်တော်တို့ သံသယရှိ အိမ်တွေကို ၀င်စီးခဲ့ပြီး ခုနှစ်ဦးကို ဖမ်းဆီးထားပါပြီ" ဟု ဗြိတိန် အကြမ်းဖက်နှိမ်နင်းမှုအဖွဲ့ အကြီးအကဲ မာ့ခ် ရောလေးက ပြောသွားသည်။ ၎င်းမှာ မူလက အကြမ်းဖက်မှုကြောင့် လေးဦးသေဆုံးကြောင်း မီဒီယာများထံသို့ ပြောကြားထားခဲ့သူ ဖြစ်သည်။

ဆက်လက်၍ ယခု ဖမ်းဆီးရမိထားသူများနှင့်ပတ်သက်၍ အသေးစိတ်သတင်းအချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly