ရောင်စုံသားရေကွင်းတွေ ဘယ်က လာသလဲ

ရောင်စုံသားရေကွင်းတွေ ဘယ်က လာသလဲ
ဓာတ်ပုံ- ဝေေ၀နှင်း

ငယ်ငယ်က ဆော့ကစားရင်ဖြစ်ဖြစ်၊ ပစ္စည်းထုပ်ပိုးရင် ဖြစ်ဖြစ် သားရေကွင်းရောင်စုံလေးတွေကို မှတ်မိကြမှာပါ။ ယနေ့အထိ အသုံးတွင််ကျယ်နေတဲ့ သားရေပင်တွေ ဘယ်ကလာသလဲ။ သူတို့ကို ဘယ်လိုပြုလုပ်သလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)ရှိ ရွာလွတ်ရွာက လက်မှုပညာလုပ်ငန်းတွေ အများအပြားလုပ်ကိုင်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ရာဘာရည်နဲ့ အရောင်ရောစပ်ထားတာတဲ့အထဲကို သစ်သားချောင်းနှစ်ပြီး ရာဘာချောင်းတွေ ထွက်အောင် ပြုလုပ်နေကြတာပါ။

လေးကြိမ်တိုင် အရောင်စပ်ထားတဲ့ ရာဘာရည်ထဲကို သစ်သားတိုင်နှစ်ပြီး  အရောင်သွေးစုံတဲ့ ရာဘာတိုင်တွေဖြစ်လာအောင် အခြောက်ခံ နေလှန်းပေးရပါတယ်။ အရောင်အသွေး စုံလင်နေတဲ့ ရာဘာတိုင်တွေကို တွေ့မြင်ရတာ အမြင်တစ်မျိုး ဆန်းနေပါတယ်။

ခြောက်သွားပြီဆိုရင်တော့ ရာဘာကို သစ်သားတိုင်ကနေ ရေစွတ်ကာ ချွတ်ရပါတယ်။ ချွတ်ထားပြီးသား ရာဘာတွေကိုတော့ နောက်တစ်ကြိမ် နေလှန်းရပါတယ်။ အဲဒီကနေမှ ခြောက်သွားတဲ့ အရောင်စုံရာဘာတွေကို တစ်ညပေါင်းဖို့အတွက် ပေါင်းခံအခန်းထဲ ထည့်ထားရပါတယ်။

ပေါင်းခံပြီး ရလာတဲ့ ရာဘာချောင်းတွေကို လူနဲ့စက်နဲ့ သုံးပြီး ဖြတ်တောက်ရပါတယ်။ ဖြတ်တောက်ပြီး ရရှိလာတဲ့ သားရေကွင်းတွေကို တစ်ကွင်းချင်းရရှိဖို့အတွက် ဆပ်ပြာနဲ့ ရေနွေးပြုတ်ပေးရပါတယ်။

လူတွေ အသုံးပြုနိုင်မယ့် သရေကွင်းအကောင်းတွေကိုတွေ ရွေးချယ်ပြီး အပြတ်တွေကိုတော့ စွန့်ပစ်ရပါတယ်။ ရလာတဲ့ သရေကွင်းတွေကိုတော့ အနံ့အသက်ပျောက်အောင် ထပ်နေလှန်းပေးရပါတယ်။

ရာဘာကတစ်ဆင့် ကနေ့ တွင်ကျယ်စွာ အသုံးပြုနေတဲ့၊ ပစ္စည်းထုတ်ပိုးတဲ့နေရာတွေမှာ အများစုသုံးကြတဲ့ သားရေကွင်းတွေကို ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ အရောင်အသွေးစုံလင်လှပြီး ဓာတ်ပုံရိုက်ဖို့ ဆွဲဆောင်နိုင်တဲ့ ရွာလွတ်ရွာက သရေကွင်းလုပ်ငန်းအကြောင်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly