ကင်ဆာဝေဒနာရှင် ဆယ်ကျော်သက်လေး၏ အိပ်မက်အား ဖြည့်ဆည်းပေးခဲ့သော ဘီယွန်းဆေး

ကင်ဆာဝေဒနာရှင် ဆယ်ကျော်သက်လေး၏ အိပ်မက်အား ဖြည့်ဆည်းပေးခဲ့သော ဘီယွန်းဆေး

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် အဆိုတော် ဘီယွန်းဆေးသည် ကင်ဆာဝေဒနာ ခံစားနေရသော အထက်တန်း ကျောင်းသူလေး အီဘိုနီဘန့်ခ်နှင့်အတူ FaceTime မှတဆင့် မျက်နှာချင်းဆိုင် စကားပြောဆိုခဲ့ပြီး ဘန့်ခ်၏ အိပ်မက်များ လက်တွေ့တွင် အမှန်တကယ်ဖြစ်လာအောင် ဖန်တီးပေးနိုင်ခဲ့သည်။

ဂရမ်မီဆု ၂၂ ဆုရှင်နှင့် မကြာမီတွင် အမြွှာကလေး၂ဦး၏ မိခင်ဖြစ်လာတော့မည့် ဘီယွန်းဆေးက ဘန့်ခ်အား ဖုန်းမှတဆင့် ဗွီဒီယိုကောလ် ခေါ်ဆိုချိန်တွင် “ငါနင့်ကိုချစ်တယ်” ဟုလည်း ပြောခဲ့သည်။

တက္ကဆက်ပြည်နယ် ဟော့စ်တွန်မြို့ရှိ အထက်တန်းကျောင်းတွင် တက်ရောက်နေသော ဘန့်ခ်သည် သူမ၏ အထက်တန်းကျောင်းသူဘဝ အချိန်အတော်များများကို အန်ဒါဆန်ကင်ဆာကုသမှုစင်တာ၌ ကုန်ဆုံးခဲ့ရပြီး လက်ရှိတွင် ကင်ဆာဝေဒနာ အဆင့်၄ ကို တွန်းလှန်နေရသူဖြစ်သည်။ ယခုလ အစောပိုင်းတုန်းက ကျောင်း တာဝန်ရှိသူများသည် သူမအတွက် ဘွဲ့အပ်နှင်းခြင်း အခမ်းအနားကို ဆေးရုံ၌ ကျင်းပပေးခဲ့သည်။

သူမအား အထက်တန်းပြီးမြောက်သောကြောင့် ပေးအပ်သော လက်ဆောင်အဖြစ် အဆိုတော် ဘီယွန်းဆေး နှင့်အတူ မျက်နှာချင်းဆိုင် ဆက်သွယ်စကားပြောချင်သော သူမ၏ အိပ်မက်များ အမှန်တကယ်ဖြစ်လာအောင် သူငယ်ချင်းများက လူမှုမီဒီယာများမှတဆင့် ကြိုးပမ်းပေးခဲ့ခြင်းဖြစ်သည်။

“ဘီယွန်းဆေးက သူမရဲ့ အသည်းစွဲ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ ဘီယွန်းဆေးကို အလွန်နှစ်သက် အားကျသူ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့က တွစ်တာနဲ့ အင်စတာဂရမ်တွေကနေပြီး ဘီယွန်းဆေးရဲ့ အာရုံ စူးစိုက်မှုကို ရရှိအောင် ကြိုးပမ်းပေးခဲ့ကြပါတယ်” ဟု ဘန့်ခ် နှင့် အထက်တန်း အတူတက်နေသော ကျောင်းသူ ဖြစ်သည့် ကာရီနာဂူတီရက်ဇ်က ပြောခဲ့သည်။

Ref: People

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags