Samsung ၏ ပိုမိုအဆင့်မြင့် ကောင်းမွန်သော တီထွင်ဆန်းသစ်သည့် နည်းပညာ ထုတ်ကုန်များအား မိတ်ဆက်ပြသ

Samsung ၏ ပိုမိုအဆင့်မြင့် ကောင်းမွန်သော တီထွင်ဆန်းသစ်သည့် နည်းပညာ ထုတ်ကုန်များအား မိတ်ဆက်ပြသ

Samsung Electronics Co.,Ltdသည် မျိုးဆက်သစ်နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများအပေါ် ထားရှိသည့် ၄င်း၏ ရည်မှန်းချက်အား ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၁၆ ခုနှစ်က စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် 2017 Samsung Southeast Asia and Oceania Forum တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

Samsung ၏ များပြားစွာသော ထုတ်ကုန်အသစ်များတွင် လွန်စွာလှပသော QLED TV စီးရီး၊ Family Hub 2.0 ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နှင့် အဝတ်ခြောက်စက်၊ စက်နှစ်မျိုးလုံး ပါ၀င်သည့် Flex WashTM အဝတ်လျှော်စက် နှင့် POWERbotTMVR 7000 တို့ဖြင့် Samsung မှသုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝများတွင် အချက်ကျကျ ပါ၀င်နေသော နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်မှုများအား ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါအခမ်းအနားတွင် Samsung Electronics Southeast Asia and Oceania ၏ President နှင့် CEO ဖြစ်သူYong Sung Jeonက က “ ကျွန်တော်တို့ Samsung အနေနဲ့သုံးစွဲသူတွေရဲ့ အမြဲပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးဖို့သာမကဘဲ သူတို့ရဲ့ နေ့စဉ်ဘဝတွေ အတွက်ပါ ပိုမိုကောင်းမွန်တဲ့ သက်ရောက်မှုတွေ ပေးစွမ်းနိုင်မယ့် ရည်ရွယ်ချက်ကောင်းမွန်စွာနဲ ့   ပြုလုပ်ထားတဲ့ တီထွင်ဆန်းသစ်မှုများကို အမြဲမပြတ် ပေးစွမ်းနိုင်ဖို့ စိတ်ဆုံးဖြတ်ချက်ချထားတာဖြစ်ပါတယ်။ ၂၀၁၆ မှာစိန်ခေါ်မှုအချို့နဲ့  ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပေမယ့် ကျွန်တော်တို့အားလုံးဟာ ကြီးမားတဲ့ လုပ်ဆောင်ချက်များနဲ့အတူ ကျော်ဖြတ်လာပြီး နောင်နှစ်တွေမှာလည်း သုံးစွဲသူတွေနဲ့အတူ ပိုမိုစမတ်ကျတဲ့ အနာဂတ်တစ်ခုဖော်ဆောင်ဖို့ ဆက်လက် ကြိုးစားသွားမှာဖြစ်ပါတယ်။“ ဟုပြောကြားသွားခဲ့သည်။

Samsung QLED, အိမ်တွင်းဖျော်ဖြေမှုလုပ်ငန်း၏ ရှေ့ဆောင်လမ်းပြမှု တစ်ခု

အံ့သြဖွယ်ကောင်းသောQuantam dot နည်းပညာပိုင်းဆိုင်ရာအဆင့်မြင့်တင်မှုများနှင့်အတူ Samsung မှ QLED TV များဖြစ်သည့် Q7,Q8 နှင့် Q9 တို့အား မိတ်ဆက်ပြသခဲ့သည်။ ယခုစီးရီးသည် အလင်းနှင့် အရောင် ရောစပ်မှု အကောင်းဆုံး ပေးစွမ်းနိုင်ရန်မည့် nano-sized semiconductor quantum dots ကဲဲ့သို့သော သတ္တုသစ် တစ်မျိုးထည့်သွင်းထားပြီး လက်ရှိရုပ်ထွက် (Display)ပိုင်းဆို်င်ရာ နည်းပညာများထဲတွင် အကောင်းဆုံးဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ရလဒ်အနေဖြင့် အံ့သြသင့်ဖွယ်ရာတိကျပြီး ပြတ်သားသော ပုံရိပ််များအားမည်သည့် ရှုထောင့်၊ မည်သည့် ပတ်ဝန်းကျင် အနေအထားတွင်မဆို ကြီးမားလှပသည့် မျက်နှာပြင်ကျယ် QLED TV မှ တစ်ဆင့် ကြည့်ရှု နိုင်မည်ဖြစ်သည်။

အဆင်မြှင့်တင်ထားသည့် အိမ်တွင်းအဆင်ပြေလွယ်ကူမှု

Samsung ၏ သုံးစွဲသူများအား နည်းပညာပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှုများ နှင့် ကမ္ဘာ့အဆင့်မီ အိမ်တွင်းသုံး ပစ္စည်းများအားစဉ်ဆက်မပြတ် တီထွင်ထုတ်လုပ်ဖန်တီးပေးရန် စိတ်ဆုံးဖြတ်ချက်ချထားမှုအား CES 2017 တွင် တီထွင်ဆန်းသစ်မှုပိုင်းဆိုင်ရာဆုများရရှိခဲ့သည့် Family Hub 2.0 ရေခဲသေတ္တာ ၊ FlexWashTM အဝတ်လျှော်စက် ၊ ကမ္ဘာ့ပထမဆုံးနံရံကပ် Wind-FreeTMလေအေးပေးစက် နှင့် VR7000 POWERbotဖုန်စုပ်စက်များမှ သက်သေပြသွားခဲ့သည်။

ယခင်နှစ်တွင် သုံးစွဲသူများစွာ၏ နှစ်ခြိုက်အားပေးမှုကိုရရှိခဲ့သည့် Family Hub 1.0 ကိုအဆင့်မြှင့်တင်ထားသည့် ပိုမိုကျယ်ပြန့်ပြီးလွယ်ကူရှင်းလင်းသော Family Hub 2.0 သည် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်စွမ်း ပေးနိုင်မည်ဖြစ်သည်။ အလိုအလျောက်သိသည့် အပလီကေးရှင်းနှင့် အပလီကေးရှင်းအသစ် မိတ်ဖက်မှုအသစ်မှ တဆင့် မိသားစုများအား ပိုမိုနီးကပ်စွာရှိစေခြင်း၊ အစားအသောက်များအားစီမံခန့်ခွဲနိုင်ခြင်း နှင့် ၂၁.၅လက်မအကျယ်ရှိ LED touch screen မှ တဆင့် ဖျော်ဖြေရေးအစီအစဉ်များအား ရရှိနိုင်ခြင်းကဲ့သို့သော အဆင့်မြှင့်တင်ထားသည့် သုံးစွဲမှု အတွေ့အကြံုများကို Family Hub 2.0 တွင်ထည့်သွင်းပေးထားသည်။ ပိုမိုလွယ်ကူစေမှုအတွက် Samsung မှ အသံဖြင့်ထိန်းချုပ်သည့်အဆင့်မြင့်နည်းပညာအား Family Hub 2.0 ၏ အပလီကေးရှင်းများတွင် ဖြည့်သွင်းထားသည်။ ထို့အပြင် သုံးစွဲသူများအားပိုမိုများပြားသော အပလီကေးရှင်းအကောင့် များပြုလုပ်နိုင်စေခြင်းဖြင့် UX သုံးစွဲမှုအားလည်း အဆင့်မြှင့်တင်ထားသည်။

ယခုနှစ်တွင် Samsung မှ အဝတ်လျှော်စက်နှင့် အဝတ်ခြောက်စက် ပေါင်းစည်းထားသည့် FlexWashTMအဝတ်လျှော်စက်မော်ဒယ်အသစ်ကိုလည်းမိတ်ဆက်ခဲ့သည်။ ၄င်းသည် Samsung ၏ အမျိုးမျိုးသောအဓိက အဝတ်လျှော်မှုပိုင်းဆိုင်ရာနည်းပညာများ နှင့် လုပ်ဆောင်ချက်များ ထည့်သွင်းထားပြီး လူကြိုက်များသည့် AddWash တံခါးအားလည်းထည့်သွင်းထားသည်။ FlexWashTMသည် အဝတ်လျှော်သည့် အချိန်အား ထက်ဝက်ခန့်လျှော့ချရန် ဒီဇို်င်းပြုလုပ်ဖန်တီးထားပြီးမတူညီသော အဝတ်အစားများအား သေချာဂရုပြုနိုင်မည့် စနစ်များအားပါ၀င်ထုတ်လုပ်ဖန်တီးထားသည်။

စက်၏ အဓိက front loader အား AddWash အဝတ်လျှော်စက်ကဲ့သို့ လည်းကောင်း၊ အဝတ်ခြောက်စက် ကဲ့သို့လည်းကောင်း အသုံးပြုနိုင်စေမည်ဖြစ်ပြီးထိုလုပ်ဆောင်ချက်သည် သုံးစွဲသူများအား အဝတ်လျှော်ပြီးအချိန်တွင် အဝတ်များအား အခြားနေရာသို့ရွေ့ပြောင်းရန်မလိုဘဲတစ်နေရာထဲ၌ အခြောက်ခံနိုင်မည်ဖြစ်သည်။ ထို့အပြင် စက်၏ အပေါ်ပိုင်းတွင် ပါရှိသည့် အကန့်အသေးသည် နူးညံံ့သည့် အဝတ်များအား လျှော်ဖွတ်စေနိုင်မည်ဖြစ်သည်။ အဝတ်လျှော်စက်တွင် ပါ၀င်သည့် အကန့်နှစ်ခုလုံးအား တစ်ပြိုင်နက်တည်း ဖြစ်စေ၊ သက်သက်အသုံးပြုသည်ဖြစ်စေ အသုံးပြုနိုင်မည်ဖြစ်သည်။

ယခင်နှစ် ကိုရီးယားတွင် မိတ်ဆက်ခဲ့သည့် မတ်တပ်ရပ်အနေထား Wind-FreeTM လေအေးပေးစက်သည် သုံးစွဲသူ အများအပြား၏ ကြိုက်နှစ်သက်မှုကိုရရှိပြီးနောက် Samsung မှ ထိုလေအေးပေးစက် အမျိုးအစားအားယခုနှစ်တွင် နံရံကပ် လေအေးပေးစက်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ AR9500M သည် လေမဲ့လေအေးပေးစက် (Wind-FreeTM air conditioning) ဖြစ်ပြီးအိမ်တွင်း၌ သက်တောင့် သက်သာမရှိသော လေအေးတိုက်ရိုက်တိုက််ခတ်သည့် ဒဏ်ကို မရရှိစေဘဲအခန်းတွင်း၌ သက်တောင့့်သက်သာရှိသော အအေးနေအထားကို ရရှိစေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly