မိုးညှင်းသံဗုဒ္ဓေဘုရား အလှူခံငွေများ ခိုးသူအား ဖမ်းမိ

မိုးညှင်းသံဗုဒ္ဓေဘုရား အလှူခံငွေများ ခိုးသူအား ဖမ်းမိ
(ဓာတ်ပုံ-မင်းမင်းစိုး)

မုံရွာ၊ မတ်လ ၂၃။            ။ မုံရွာမြို့၊ မိုးညှင်းသံဗုဒ္ဓေဘုရားအတွင်းရှိ အလှူခံပုံးများအတွင်းမှ အလှူငွေများအား ခိုးယူသူအား မတ်လ ၂၃ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

မိုးညှင်းသံဗုဒ္ဓေဘုရား အလှူခံငွေများအား မတ်လ ၁၄ ရက်နေ့က ခိုးယူခံခဲ့ရပြီး ယနေ့နံနက်ပိုင်းက ဆိုင်ကယ်အငှားလိုက်သူတစ်ဦး၏ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါငွေကြေးခိုးယူသူသည် မုံရွာမြို့မှ ရွှေဘိုမြို့သို့ သွားရောက်ရန်အတွက် ခရီးသည်တင်ယာဉ်နှင့် လိုက်ပါလာခြင်းဖြစ်ပြီး မုံရွာမြို့အတွင်းမှာပင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 မျိုးထက်အောင်(ခ)ပြဲပြဲ (၃၂)နှစ် ၊ ဝန်းသိုမြို့နေထိုင်သူ ဖြစ်ပြီး ၄င်းလွယ်လာသော ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူ (၇၆၀၃၅၀) ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘုရားအလှူခံငွေအား ခိုးယူသူအား မုံရွာမြို့မရဲစခန်း (ပ) ၂၇၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly