လူ ၂,၀၀၀ နီးပါး ရေပေါ်တွင် တစ်ဦးနဲ့တစ်ဦးလက်ချင်းချိတ် သရုပ်ပြပြီး ဂင်းနစ်စံချိန်တင်

လူ ၂,၀၀၀ နီးပါး ရေပေါ်တွင် တစ်ဦးနဲ့တစ်ဦးလက်ချင်းချိတ် သရုပ်ပြပြီး ဂင်းနစ်စံချိန်တင်

မတ် ၂၃ ။           ။ အာဂျင်တီးနားနိုင်ငံက ဆားငန်ရေအိုင်တစ်ခုထဲမှာ လူပေါင်း ၂,၀၀၀ နီးပါးတို့ဟာ တစ်ဦးလက်တစ်ဦးချိတ်ပြီး ပေါ်လောပေါ်သရုပ်ပြရင်း ဂင်းနစ်စံချိန် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 ယခုလို လူအများဆုံးနဲ့ ရေထဲမှာ ပေါလောပေါ်ကာ တစ်ဦးလက်တစ်ဦးတွဲရင်း သရုပ်ဖော်ပြနိုင်ခဲ့တာကြောင့် ကမ္ဘာ့စံချိန်မှတ်တမ်းကို တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗျူနိုအေးရီးစ်မြို့ အရှေ့တောင်ဘက် Epecuen ကန်တွင်းမှာတော့ လူပေါင်း ၁,၉၄၁ ဦးတို့ဟာ တစ်ဦးနဲ့ တစ်ဦး လက်ချင်းတွဲ စီတန်းပြီး  စက္ကန့် ၃၀ ကြာ ရေပေါ်ပေါလောပေါ်ပြနိုင်ခဲ့မှုကို ဂင်းနစ် စံချိန်မှတ်တမ်းအဖွဲ့က ပညာရှင်တွေက အသိအမှတ်ပြု မှတ်တမ်းတင်ပေးခဲ့ကြပါတယ်။

ယခင်တင်ထားတဲ့စံချိန်ကတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထိုင်ဝမ်က Sun Moon ကန်မှာ လူပေါင်း ၆၅၀ တို့ ယခုလို တန်းစီ လက်ချင်းချိတ် ရေပေါ်ပေါ်ကာ ပြသရင်း တင်ထားခဲ့ခြင်း ဖြစ်သည်။

ယခု အာဂျင်တီးနားက ဆားငန်အိုင်တွင်မူ ပါ၀င်ဆင်နွှဲကြသူများအနေဖြင့် ယခုသရုပ်ပြမှုကို တစ်ခြားအကူအညီတစ်ခုမှ မယူခဲ့ရသလို ရေထဲမှာ ဆားဓာတ်ပါ၀င်မှုနှုန်း မြင့်မားခြင်းကလည်း သူတို့ကို အလိုလို ရေပေါ်မှာ ပေါလောပေါ်နေစေခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly