အင်ဒိုနီးရှားတွင် အစိုးရ၏ ဘိလပ်မြေစက်ရုံစီမံကိန်းကို တက်ကြွလှုပ်ရှားသူများနှင့် ရွာသူရွာသားများက သမ္မတအိမ်တော်ရာရှေ့ စုရုံးကာ ကန့်ကွက်ဆန္ဒပြ

အင်ဒိုနီးရှားတွင် အစိုးရ၏ ဘိလပ်မြေစက်ရုံစီမံကိန်းကို တက်ကြွလှုပ်ရှားသူများနှင့် ရွာသူရွာသားများက သမ္မတအိမ်တော်ရာရှေ့ စုရုံးကာ ကန့်ကွက်ဆန္ဒပြ

ဂျကာတာ၊ မတ် ၂၂ ။            ။ အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရစီစဉ်ထားသည့် ဘိလပ်မြေစက်ရုံစီမံကိန်းက ဗဟိုဂျာဗားရှိ ကီဒန်းကျေးရွာမှ ရေအရည်အသွေးကို ပျက်စီးမှုဖြစ်ပေါ်စေလိမ့်မည်ဟုဆိုကာ တက်ကြွလှုပ်ရှားသူများက သမ္မတအိမ်တော်ရာရှေ့တွင် စုရုံးကြပြီး ကန့်ကွက်ဆန္ဒပြကြသည်။

ကီဒန်းကျေးရွာမှ လယ်သမားနှင့် ဒေသခံများ အများစုဖြစ်သော ဆန္ဒြုပသူ ဒါဇင်များစွာက “ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေး”၊ “ကီဒန်းတောင်ကုန်းကို ကာကွယ်ကြ” စသည့် စာတမ်းများ ကိုင်ဆောင်ဆန္ဒပြကြခြင်းဖြစ်ကြောင်း EPA သတင်းထောက်က သတင်းပေးပို့သည်။

အနည်းဆုံးဆယ်ရက်ကြာမျှ သမ္မတအိမ်တော်ရာရှေ့တွင် ဆန္ဒပြလျက်ရှိသည့် တက်ကြွလှုပ်ရှားသူများကလည်း ရိုးရာရေကရားများကို ကိုင်ဆောာင်ကြကာ “စီးပွားရေးသမားများလက်က ကယ်တင်ပေးပါ။ ရေဟာ အသက်ဖြစ်တယ်။” စသည့် စာတမ်းများကို ကိုင်ဆောင်ဝှေ့ယမ်းကြသည်။

ကီဒန်းကျေးရွားသူရွာသားများက ကုန်သွယ်ရေးသမဂ္ဂ၊ လယ်သမားအုပ်စုအသင်းအပင်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားနှင့် ပူးပေါင်းကာ ဘိလပ်မြေစက်ရုံစီမံကိန်း ရပ်တန့်ပေးရေးကို အစိုးရထံတောင်းဆိုကြသည်။

အဆိုပါ စက်ရုံစီမံကိန်းကြောင့် မြေအောက်ရေ အရည်အသွေးပျက်စီးမှုဖြစ်ရမည်ဆိုကာ ယခုကဲ့သို့ ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်ကြောင်း ဂျကာတာပို့စ်သတင်းက ဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly