လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း မြန်မာအနည်းငယ်မြင့်တက်၊ အာရှပစိဖိတ်နိုင်ငံများနှင့်ယှဉ်လျှင် နိမ့်ကျနေသေး

လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း မြန်မာအနည်းငယ်မြင့်တက်၊ အာရှပစိဖိတ်နိုင်ငံများနှင့်ယှဉ်လျှင် နိမ့်ကျနေသေး

ရန်ကုန်၊ မတ် ၂၂ ။            ။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) က ထုတ်ပြန်ထားသည့် လူသားဖွံ့ဖြိုးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံက အညွှန်းကိန်း အနည်းငယ် မြင့်တက်လာသော်လည်း အရှေ့အာရှနိုင်ငံများ၏ အညွှန်းကိန်းဖြင့် နှိုင်းယှဉ်လျှင် နိမ့်ကျနေသေးသည်ဟု ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ် မစ္စရီနာတားဒက်စ်ဆယ်လီယန်ကဆိုသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ရုံး၌ မတ်လ ၂၂ရက်က ပြုလုပ်သည့် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ - ၂၀၁၆ကို ထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

"မေ့ထားလို့မရတဲ့အချက်တစ်ချက်က မြန်မာနိုင်ငံရဲ့ လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း(HDI) ဟာ တိုးတက်လာတယ်ဆိုပေမယ့် အရှေ့အာရှနိုင်ငံမှာ ရှိနေတဲ့ ပျဉ်းမျှနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကွာဟမှုတွေရှိနေတယ်ဆိုတာကို တွေ့မြင်နေရပါတယ်" ဟု ကုလသမဂ္ဂဌာနေကိုယ်စားလှယ် မစ္စရီနာတားဒက်စ်ဆယ်လီယန် ကဆိုသည်။

မြန်မာနိုင်ငံ၏ အညွှန်းကိန်းသည် ၀.၅၅၆ အထိ ရမှတ် ရရှိခဲ့ပြီး နိုင်ငံပေါင်း ၁၈၈ နိုင်ငံအနက် အဆင့် ၁၄၅ ဖြစ်နေကာ ယခင်နှစ် ရမှတ် ၀.၅၅၂ ထက် အနည်းငယ်တိုးတက်လာပေမယ့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသများ၏ ရမှတ်ဖြစ်သည့် ၀.၀၇၂ နှင့် နှိုင်းယှဉ်လျှင် ကွာဟချက်ရှိနေဆဲဖြစ်သည်။

"မြန်မာနိုင်ငံဟာ တိုးတက်လာတာမှန်ပါတယ်၊ တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ လိုက်မှီနိုင်ဖို့လိုနေသေးတယ်၊ အာရှ ပစိဖိတ်နိုင်ငံတွေကို လိုက်မီဖို့ အများကြီး ကြိုးပမ်းအားထုတ်မှုတွေ လုပ်ရပါဦးမယ်" ဟု UNDP မှ စီးပွားရေးအကြံပေး မစ္စတာ သောမတ်စ်ကရင်းက အကြံပြုပြောဆိုသည်။

သို့ပေမယ့် အာရှနှင့်ပစိဖိတ်ဒေသရှိတိုးတက်မှုများ၏ အကျိုးကျေးဇူးကို လူတိုင်း ရရှိခြင်းမရှိဘဲ အထူးသဖြင့် အမျိုးသမီးများ၊ တိုင်းရင်းသား လူနည်းစုများနှင့် ဝေးလံခေါင်သီသည့် နေရာဒေသများတွင်နေထိုင်သူများအပေါ် အချိုးအစား ညီမျှစွာ သက်ရောက်မှု မရှိကြောင်း ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly