သာကြီး​တောင်​-စံပယ်​ ​ရေနံ​မြေ၏ အမြတ်ငွေ ၂ ရာခိုင်နှုန်းအား ဒေသသို့ လှူဒါန်း

သာကြီး​တောင်​-စံပယ်​ ​ရေနံ​မြေ၏ အမြတ်ငွေ ၂ ရာခိုင်နှုန်းအား ဒေသသို့ လှူဒါန်း

ကမ္မ၊ မတ်​လ ၂၂ ။            ။ သာကြီး​တောင်​​ နှင်​့ စံပယ်​​ရေနံ​မြေမှ ရရှိသော အမြတ်ငွေ၏ ၂ ရာခိုင်နှုန်းကို ဒေသလိုအပ်ချက်များတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ မတ်လ ၂၂ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္မမြို့၏ ရပ်​ကွက်​ အမှတ်​ ၆ မှ ၁၂ အထိ စုစုပေါင်း ၆ ရပ်ကွက်အတွက် လိုအပ်​​သော ဓာတ်​မီးတိုင်​ ၁၉၈ တိုင်​နှင့် မီးကြိုး ၃၃၅၈၉ ​ပေ အပါအဝင်​ ဆက်​စပ်​ပစ္စည်​းများ တန်​ဖိုး​ငွေ (၄၂၂၀၀၉၂၁) သိန်း အား လှူဒါန်းပေးအပ်ခဲ့သည်။

ယ​နေ့  မတ်လ ၂၂ ရက်၊ နံနက်​ ၉နာရီ အချိန်​တွင်​ကမ္မမြို့ အ.ထ.က.ကမ္မ ​ကျောင်​းဝန်​းအတွင်​း လှူဒါန်​းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရေနံနှင်​့ဆက်​စပ်​လျက်​ရှိ​သော ​ကျေးရွာများမှာ ​ရေနံပိုက်​လိုင်​း​ပေါက်​မှု ၊ ဂက်​စ်​စိမ်​့ထွက်​မှု​တွေရှိခဲ့သည်​့ အတွက်​ သဘာဝပတ်​ဝန်​းကျင်​ထိခိုက်​မှုများလည်​း ရှိနိုင်​မှုကြောင့် တာဝန်သိမှုတစ်ရပ်အနေနဲ့  ပြန်လည်လှူဒါန်းမှုတစ်ရပ် ပြုခဲ့သည်ဟု နြ်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သိရသည်။

ယခု လှူဒါန်​း​ငွေသည်​ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်​ သာကြီး​တောင်​ စံပယ်​​ရေနံ​မြေမှ ​ရေနံနှင်​့သဘာဝဓာတ်​​ငွေ့အမြတ်​​ငွေ ၂%ကို လှူဒါန်​းခြင်​းဖြစ်​​ကြောင်​း သာကြီး​တောင်​_ စံပယ်​​ရေနံ​မြေမှ အ​ထွေ​ထွေမန်​​နေဂျာ ဦးလှထွန်​း (အငြိမ်​းစား) ​ပြောသည်​။

လှူဒါန်​း​ပေးအပ်​ပွဲသို့ မ​ကွေးတိုင်​း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးဟန်​​ဇော်​ဝင်​း၊  ပခုက္ကူမြို့​ကျေးလက်​ဦးစီးဌာနဦးစီးမှူး ​ဒေါ်ကြည်​ကြည်​မာ ၊ ကမ္မမြို့အုပ်​ချုပ်​​ရေးမှူးဦးမင်​းသက်​ခိုင်​နှင်​့ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးများ တက်​​ရောက်​ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly