နိုင်ဂျီးရီးယားရှိ ရွှေ့ပြောင်းနေထိုင်သူများစခန်း၌ အသေခံဗုံးဖောက်ခွဲမှုများကြောင့် ၃ ဦးသေဆုံး

နိုင်ဂျီးရီးယားရှိ ရွှေ့ပြောင်းနေထိုင်သူများစခန်း၌ အသေခံဗုံးဖောက်ခွဲမှုများကြောင့် ၃ ဦးသေဆုံး

 မတ် ၂၂ ။              ။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ ဘိုကိုဟာရမ် သောင်းကျန်းသူများကြောင့် ထွက်ပြေးလာခဲ့ရသော ရွှေ့ပြောင်းနေထိုင်သူများ၏ စခန်း၌ အသေခံဗုံးဖောက်ခွဲမှု ၄ ခုကြောင့် အနည်းဆုံး ၃ ဦးခန့်သေဆုံးခဲ့ပြီး ၂၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ပြောခဲ့သည်။

ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပြီး မိတ်ဒူဂူရီမြို့ ဆင်ခြေဖုံးနားမှ မူနာစခန်းထဲရှိ တဲအိမ်များကို လောင်ကျွမ်းစေခဲ့ကြောင်း စခန်း၏တာဝန်ရှိသူ တစ်ဂျာနီလူမာနီက ပြောခဲ့သည်။

“စခန်းအတွင်းမှာ ပေါက်ကွဲမှု ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ပါတယ်။ ဗုံးခွဲတိုက်ခိုက်သူများဟာ ဒေသစံတော်ချိန် မနက် ၄နာရီခွဲခန့်မှာ စခန်းထဲရှိ မတူညီတဲ့ နေရာအသီးသီးကို တိုက်ခိုက်ခဲ့ကြပါတယ်” ဟု သူက ပြောခဲ့သည်။

“အသေခံဗုံးဖောက်ခွဲသူ စုစုပေါင်း ၅ ဦးရှိပါတယ်။ အားလုံးဟာ အရွယ်ရောက်ပြီးသား ယောင်္ကျားတွေဖြစ်ကြပြီး လူ ၃ ဦးခန့်ကို သေဆုံးစေခဲ့ပါတယ်” ဟု အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီမှ အက်ဘ််ဒူကာဒါအီဘရာဟမ် က ပြောခဲ့သည်။ ဒဏ်ရာရရှိသူ ၂၀ ခန့်ကို ဆေးရုံ၌ ကုသပေးနေကြောင်းကို လည်း သူက တဆက်တည်းပြောခဲ့သည်။

မူနာစခန်းသည် ဘိုကိုဟာရမ်သောင်းကျန်းသူများ၏ လက်ချက်ကြောင့် ထွက်ပြေးလာခဲ့သော ထောင်သောင်းချီ သည့် ပြည်သူများ ခိုလှုံရာနေရာတစ်ခုဖြစ်သည်။

အစ္စလာမ်အစွန်းရောက်အဖွဲ့တို့သည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသော ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ အကြိမ်ကြိမ်ကျူးလွန်နေကြပြီး မူနာစခန်းအနီး၌ အသေခံဗုံးဖောက်ခွဲမှုများ မကြာခဏပြုလုပ် လျက်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags