ဂျစ်​ကားအရှိန်​လွန်ကာ ထန်​း​နောင်​းပင်​ ဝင်​တိုက်​

ဂျစ်​ကားအရှိန်​လွန်ကာ ထန်​း​နောင်​းပင်​ ဝင်​တိုက်​
ဓာတ်ပုံ- ညိုအေး

မင်​းတပ်​မြို့မှ ယာဉ်​​မောင်​းအပါအဝင်​ ခရီးသည်​​လေးဦး တင်​​ဆောင်​လာ​သော ဂျစ်​ကားသည်​ ကမ္မမြို့၊ အမှတ်​ ( ၁၂ ) ဂျိုးပျံရပ်​ကွက်​၊ အ​နောက်​ဘက်​တစ်​မိုင်​ခန်​့အကွာတွင်​ ထန်​း​နောင်​းပင်​ကို ဝင်​တိုက်​မိ​ကြောင်​း သိရသည်​။

ယ​နေ့ မတ်လ ၂၂ ရက်၊ နံနက်​ ၈ နာရီ၊ မင်​းတပ်​မြို့မှ ကုန်​အပြည်​့ တင်​​ဆောင်​လာ​သော ၈ခ | ၈၅၃၇ ဂျစ်​ ကားသည်​ ဂျိုပျံအ​နောက်​ဘက်​ တစ်​မိုင်​ခန်​့အကွာတွင်​ စက်​ချို့ယွင်​းမှုဖြစ်​ပြီး လမ်​းညာဘက်​ရှိ ထန်​း​နောင်​းပင်​ကို တိုက်​မိ​ခဲ့ခြင်းဖြစ်သည်။

ယာဉ်​​မောင်​းတစ်​ဦးသာအနည်​းငယ်​ထိခိုက်​မှုရရှိ (အသက်​အန္တရာယ်​မစိုးရိမ်​ရ) ​ကြောင်​းသိရပြီး ကျန်​ခရီးသည်​​လေးဦးမှာ ထိခိုက်​မှုတစ်​စုံတစ်​ရာမရှိ​ကြောင်​း သိရှိရသည်​။ ဒဏ်​ရာရသူ ယာဉ်​​မောင်​းကို ကမ္မစံပြ​မေတ္တာလူနာတင်​ကားဖြင်​့ ကမ္မ​ဆေးရုံးသို့ ပို့​ဆောင်​​ပေးခဲ့​ပြီး  ယာဉ်​မဆင်​မခြင်​​မောင်​းနှင်​မှုဖြင်​့ ယာဉ်​​မောင်​းဖြစ်​သူကို ကမ္မမြို့ရဲစခန်​းမှ အမှုဖွင်​့အ​ရေးယူထား​ကြောင်​း သိရှိရပါသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly