မျဉ်းကျားကို ဘာလို့ ဂရုမစိုက်ကြတာလဲ?

မျဉ်းကျားကို ဘာလို့ ဂရုမစိုက်ကြတာလဲ?
 

လူကြောင့်ဖြစ်တဲ့ ယာဉ်မတော်တဆမှုဟာ ယာဉ်တိုက်မှုအားလုံးရဲ့ ၉၅% ရှိတာကို သိပါသလား။

ဟိုင်း ... ကျွန်တော်နေပိုင်ပါ ရန်ကုန်က လူအများစုကလမ်းကူးတဲ့အခါမှာ လူကူးမျဉ်းကျားကို အသုံးမပြုပဲနဲ့ အဆင်ပြေသလို ကူးတတ်ကြတယ် သူတို့ဘာလို့ လူကူးမျဉ်းကျားကို အသုံးမပြုတာလဲ အဲ့တာကို သိဖို့အတွက် ကျွန်တော့်သူငယ်ချင်းတွေကိုမေးကြည့်လိုက်ပါဦးမယ်

 

 

 

အမှန်ဆိုရင် ဒီကောင်ဒီလမ်းတွေက ဒီလူကူးမျဉ်းကျားမှာ ကားတွေကရပ်ပေးသင့်ပါတယ် လူကူးလို့ရှိရင် အမှန်တော့ ယာဉ်စည်း ကမ်းလမ်းစည်းကမ်းနဲ့ ဆိုလို့ရှိရင် ရပ်ပေးရမှာပါ လူကူးလို့ရှိရင် လူကူးမျဉ်းကျားမှာ လူကူးလို့ရှိရင်ကားတွေ ကရပ်ပေးရမှာပါ ...

 

 

 

ဒါတော့ ကားမောင်းတဲ့သူတွေကတွေ့ချင်မှတွေ့ရမှာလေလူကူးမျဉ်းကျားက ဆိုတော့..ကျွန်တော်တို့လမ်းကူး မျဉ်းကျားဖြစ်ကြောင်းမီးပွိုင့် မီးပွိုင့်လေးပေါ့နော် မီးပွိုင့်တိုင်လေးတွေသတ်မှတ်ထားတာရှိတယ် အဲ့တာဆိုရင်တော့ မျဉ်းကျားကိုလည်း သူတို့တွေ့နိုင်မယ်သူတို့လည်း ရပ်နိုင်မယ်ပေါ့ မဟုတ်ရင် ကျွန်တော်တို့လမ်းကူးတဲ့အခါမှာ နည်းနည်းအခက်အခဲဖြစ်နိုင်တာပေါ့ ကိုယ်လည်း အခက်အခဲဖြစ်မယ် ကားမောင်းတဲ့သူလည်းမတွေ့တော့ အခက်အခဲဖြစ်မယ် ....

 

 

မျဉ်းကျားမရှိတော့လေ သွားလာရတာ နည်းနည်းခက်ခဲတယ်ပေါ့ ကားလမ်းအန္တရာယ်.. အန္တရာယ်ကြောင့်လည်း နည်းနည်းစိတ်ညစ်ရတယ် အဲ့တာကြောင့်မို့လို့ ....  ဒါကကျတော့လည်းသူတို့.. သူတို့အမှား မရှိပါဘူးမျဉ်းကျား မရှိတော့ သူတို့မရပ်ပေးဘူးလေ အဲ့တာကြောင့်မို့လို့

 

 

 

ကျွန်တော်ထင်တာက ဘာလို့သူတို့လူကူးမျဉ်းကျားကနေ မကူးလဲဆိုတော့ ဒီခေတ်လူငယ်တွေအကုန်လုံးကအကျင့်ဖြစ်နေကြပြီလို့ ကျွန်တေ်ာထင်တယ် ဘာလို့လည်းဆိုတော့ သူတို့က အလွယ်နည်းပဲ သုံးကြတယ်သိတယ်။ မလားအဲ့ဒီအခါကျတော့ သူတို့က လူကူးမျဉ်းကျားကနေဖြတ်မယ်ဆိုရင် သူတို့က အချိန်နည်းနည်းကြာမယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒါကြောင့်သူတို့က အလွယ်နည်းဖြစ်တဲ့ လွယ်ကူတဲ့နေရာမှာပဲ သူတို့ဖြတ်ကြတယ်လို ကျွန်တော်ထင်တယ် ..

 

 

လူကူးမျဉ်းကျားကနေကူးတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့ စည်းကမ်းနဲ့လည်းညီတယ်လေ။ တစ်ချို့ကျတော့လည်း လူကူးမျဉ်းကျားကနေ မကူးချင်ဘူး။ မြန်မြန်ရောက်ချင်တော့ ဖြတ်လမ်းကကူးတာပေါ့ ...

 

 

 

အခုက အောက်ကနေက ဟိုဘက်နဲ့လည်းနီးနေတယ်။ အောက်ကနေပြီးတော့ကူးတာက နောက်ပြီးတော့ ရဲတွေလည်းမကြည့်ဘူး။ အဲ့ဒီတော့ ဒီကအောက်ကနေပဲ အလွယ်ကူးနေကြတာပေါ့ .... အပင်ပန်းမခံတော့ဘူး ...

 

 

 

 

မျဉ်းလိုင်းတွေက ထင်ထင်ရှားရှားမရှိတဲ့အတွက် ညီမတို့လမ်းကူးတဲ့အခါ အဆင်ပြေသလိုပဲဒီလိုကြားကနေပဲ ကြည့်ပြီးတော့ကူးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ကားသွားလာတဲ့ အချိန်ကြလို့ရှိရင် နည်းနည်း ခက်ခဲတာတွေလည်း ရှိတာပေါ့နော်..။ ဟို..ကားတားလို့ရှိရင် တချို့တွေဆိုရင် ဘတ်စ်ကားတွေဆိုရင် ရပ်မပေးဘူး အသားကုန်မောင်းသွားတယ်ပြီးလို့ရှိရင် သက်ကြီးရွယ်အိုတွေ ဘာတွေသွားလို့ လာလို့ရအောင်လို့ပဲ ကားတားလို့ရှိရင် မရပ်ပေးဘဲ အသားကုန်မောင်းတယ်။ အဲ့ဒီတော့ အရေးယူသင့်တယ်လို့ နည်းနည်းထင်ပါတယ် ...

 

 

ကျွန်တော့်သူငယ်ချင်းတွေကတော့ လူကူးမျဉ်းကျားနဲ့ ပတ်သက်ပြီးတော့ သူတို့အမြင်တွေကို အခုလိုပဲပြောပြပြီးသွားပါပြီ သူငယ်ချင်းတို့ကကော လမ်းကူးတဲ့အခါ လူကူးမျဉ်းကျားကို ဂရုစိုက်ရဲ့လား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly