လောင်းကစားမှု သတင်းပေးသူတွေ ခြိမ်းခြောက်ခံနေရ

လောင်းကစားမှု သတင်းပေးသူတွေ ခြိမ်းခြောက်ခံနေရ

ပြည်၊ မတ် ၂၂ ။         ။ လောင်းကစားလုပ်ငန်းများ၊ လောင်းကစားမှုများကို သတင်းပေးတိုင်ကြားသူများပါ ခြိမ်းခြောက်ခံနေရသည်ဟု ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်တွင် တင်ပြထားသည်။

ပြည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်​တော်​ကိုယ်​စားလှယ်​က ​ဦးကျော်ဇေယျက မတ်လ ၂၀ရက် လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စကို ပဲခူးတိုင်​း​ဒေသကြီးအစိုးရအဖွဲ့အ​နေဖြင်​့ မည်​သို့ ​ဆောင်​ရွက်​သွားမည်​ကို သိရှိလို ​ကြောင်​း ကြယ်ပွင့်ပြမေးခွန်းကို ပဲခူးတိုင်း လုံခြံုရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေးက ပြန်လည်ဖြေကြားပေးခဲ့သည်။

"​လောင်​းကစားဝိုင်​း​တွေမှာ လူမိုက်​​တွေ​မွေးထားတယ်​။ သတင်​း​ပေးတိုင်​ကြားသူကို လူမိုက်​​တွေလွှတ်​ပြီး ရမ်​းခိုင်​းတာ​တွေရှိတယ်​။ ရဲက ​လောင်​းကစားဝိုင်​​းတွေကို ပြန်​​ပြောတဲ့အခါ သတင်​း​ပေးတိုင်​ကြားသူအတွက်​ မလုံခြံု​တော့ဘူး"ဟု ဦး​ကျော်​​ဇေယျက ပြောသည်။

ဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ဌေးက ပြန်လည်ဖြေကြားသည်မှာ ပြည်မြို့နယ် ရဲတပ်ဖွဲ့က လောင်းကစားမှု ပြစ်ချက်ဟောင်းရှိပြီး ကျော်ဇောသတင်းရရှိထားသူများကို စောင့်ကြည့်သတင်းယူပြီး ဖမ်းဆီးခဲ့ကြောင်း နှင့် ဖုန်း သို့မဟုတ် စာဖြင့် ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ တိုင်ကြားသတင်းပေးပါက ချက်ချင်းသွားရောက်ဖမ်းဆီးနေပါကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။

အကယ်၍ ရဲတပ်​ဖွဲ့ဝင်​များထံမှ သတင်​း​ပေါက်​ကြားမှုရှိပါက မြန်​မာနိုင်​ငံ လျို့ဝှက်​ချက်​အက်​ဥပ​ဒေ ပုဒ်​မ- ၅အပြင်​ ရဲစည်​းကမ်​းထိမ်​းသိန်​း​ရေးဥပ​ဒေ ပုဒ်​မ-၂၂အရပါ အ​ရေးယူခံရမည်ဟုလည်​း​ ​နယ်​လုံဝန်​ကြီးကဆိုသည်​။

၂၀၁၆ ခုနှစ်​တွင်​ ပြည်​မြို၌ ​လောင်​းကစားမှု ၂၈ ခု၊ တရားခံ ၅၅ ဦး၊​ လောင်​း​ကြေး​ငွေ ၁၁,၃၁၁,၇၅၀ ကျပ်​ ဖမ်​းဆီးရမိခဲ့ပြီး၊ ၂၀၁၇ ခုနှစ်​ဇန်​နဝါရီလမှ မတ်​လအထိ ​လောင်​းကစားမှု ရခု တရားခံ ၁၉ ဦး ​လောင်​း​ကြေး​ငွေ ၃၂၉၄၅၀ကျပ် ဖမ်​းဆီးရမိပြီးဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly