အဆိုတော် မျိုးကြီး ရဲ့ ပြောင်းလဲခြင်းများ ဒီဗီဒီ မွေးနေ့တွင် ဖြန့်ချိ

အဆိုတော် မျိုးကြီး ရဲ့ ပြောင်းလဲခြင်းများ ဒီဗီဒီ မွေးနေ့တွင် ဖြန့်ချိ
ဓာတ်ပုံ- တင်ထွန်းလွင်

မတ်လ ၂၂ ။           ။ အဆိုတော် မျိုးကြီး ရဲ့ ပြောင်းလဲခြင်းများ DVD Album ကို သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ မတ်လ ၂၂ ရက်မှ စတင်ဖြန့်ချိလိုက်ပါတယ်။

ဒါရိုက်တာ ဇော်ကိုကို မှ တစ်ခွေလုံးရိုက်ကူးပုံဖော်ထားပြီး Bonus အနေဖြင့် သီချင်းသစ်တစ်ပုဒ် လက်ဆောင်ထည့်သွင်းထားတယ်လို့ သိရပါတယ်။တေးရေး ကိုမိုး၊ ရယ်ဂျီ၊ စံပီး၊ အောင်းလာ၊ သွန်းပူ၊ ရှိိန်း၊ ရှိမုန်၊ မျိုးကြီးတို့ ရေးသားထားတဲ့  သီချင်း ၁၀ ပုဒ်ပါ၀င်တဲ့ ဒီသီချင်းအယ်လ်ဘမ်ကို မနှစ်က ဇွန်လမှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ယခု DVD ထွက်ရှိလာတာ ဖြစ်ပါတယ်။

၀ယ်ယူလိုသော ပရိသတ်များအနေနဲ့ အရောင်းဆိုင်မရှိသောမြို့များနှင့် ဝယ်ယူရာတွင် အခက်အခဲရှိသူများအနေဖြင့် The Sun Music Online Delivery Mart သို့ ဖုန်းဆက်မှာယူနိုင်ပြီး [email protected] ၊ 01-290229၊ 398890 သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly