ဆွီဒင်အဆိုတော်မလေး ဇာရာလာဆင်က အမေရိကန်မှ ပရိသတ်များ၏ အားပေးမှုရရှိရန် မျှော်လင့်

ဆွီဒင်အဆိုတော်မလေး ဇာရာလာဆင်က အမေရိကန်မှ ပရိသတ်များ၏ အားပေးမှုရရှိရန် မျှော်လင့်

ဆွီဒင်ပေါ့ပ်အဆိုတော်မလေး ဇာရာလာဆင်သည် သူမ၏ အယ်လ်ဘမ်အသစ် ထွက်ရှိပြီးနောက် ရက်ပိုင်း အတွင်းမှာပဲ အင်တာနက်မှ သူမ၏သီချင်းများအား အကြိမ် ၁ ဘီလီယမ်ခန့် နားဆင်မှုများ ရှိခဲ့သော်လည်း အမေရိကန်မှ ပရိသတ်များ၏ အားပေးမှုကို ရရှိဖို့ လိုအပ်သေးကြောင်း ပြောခဲ့သည်။

ဆွီဒင်နိုင်ငံ၌ အနုပညာကြယ်ပွင့်အဖြစ် အသိအမှတ်အပြုခံထားရပြီဖြစ်သော ဇာရာလာဆင်သည် သူမ၏ ဒုတိယမြောက် အယ်လ်ဘမ် So Good အား ပြီးခဲ့သော သောကြာနေ့တွင် နိုင်ငံတကာသို့ ပထမဦးဆုံးအနေဖြင့် ဖြန့်ချိခဲ့သည်။

“ကျမရဲ့ သီချင်းခွေ ထွက်ရှိနိုင်တဲ့အပေါ် ကျမတကယ့်ကို ၀မ်းသာပါတယ်။ ကျမရဲ့ သီချင်းခွေကို နားထောင်ဖို့ ပရိသတ်တွေကို ဒီမှာဆိုရင် ကျမသွားပြောနိုင်ပါတယ်” ဟု ပြီးခဲ့သော တနင်္လာနေ့က ပြုလုပ်ခဲ့သော အင်တာဗျူး၌ ဇာရာလာဆင်က ပြောခဲ့သည်။

“ဒါပေမယ့် အမေရိကန် ဂီတစျေးကွက်ဟာတော့ အရမ်းကို ကြီးမားကျယ်ပြန့် လွန်းတဲ့အတွက် ကျမအဲ့လို လုပ်ဆောင်နိုင်ဖို့က ခဲယင်းလွန်းပါတယ်” ဟု သူမကပြောခဲ့သည်။

လာဆင်သည် သူမ၏ မိခင်နိုင်ငံ၌ အသက် ၁၀ အရွယ်ကတည်းက အောင်မြင်မှုများရရှိခဲ့ပြီး ပြီးခဲ့သော ၂၀၀၈ ခုနှစ်က ဆွီဒင်နိုင်ငံ၏ Talent Show တွင် အနိုင်ရရှိခဲ့ဖူးသည်။ လွန်ခဲ့သောလက သူမသည် ဆွီဒင်နိုင်ငံ၏ တစ်နှစ်တာ အကောင်းဆုံး အနုပညာရှင်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

ဒါ့အပြင် လာဆင်က သူမသည် လူမှုမီဒီယာများပေါ်၌ နိုင်ငံရေးနှင့် အမျိုးသမီးအခွင့်အရေးများအပေါ် သူမ၏ အမြင်များကို ထုတ်ဖော်သွားရန် အစီအစဉ်ရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly