ဂွါတီမာလာမှ လူငယ်ထိန်းသိမ်းရေးစင်တာကို ရဲများဝင်ရောက်စီးနင်းပြီး အစောင့်များအား ကယ်ဆယ်

ဂွါတီမာလာမှ လူငယ်ထိန်းသိမ်းရေးစင်တာကို ရဲများဝင်ရောက်စီးနင်းပြီး အစောင့်များအား ကယ်ဆယ်

 မတ် ၂၁ ။            ။ ဂွါတီမာလာရဲတပ်ဖွဲ့သည် လူငယ်ထိန်းသိမ်းရေးစင်တာသို့ ၀င်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပြီး ဆူပူအုံကြွမှုအတွင်း အစောင့်နှစ်ဦးအား သတ်ဖြတ်ခဲ့သောအကျဉ်းသားများ၏ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံထားရသည့် အစောင့်များ ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်။

သို့သော်လည်း ပြီးခဲ့သော တနင်္ဂနွေနေ့ နေ့လယ်ကတည်းက စတင်ခဲ့သော ပဋိပက္ခအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံထားရသော အစောင့်တစ်ဦးသည် ဒဏ်ရာများကြောင့် သေဆုံးခဲ့ရသည်။ အာဏာပိုင်များက ထိုအစောင့်သည် အကြိမ်ပေါင်းများစွာ ထိုးကြိတ်ခံခဲ့ရပြီး ဓားနှင့်လည်း အထိုးခံခဲ့ရကြောင်း ပြောခဲ့သည်။

လွတ်မြောက်လာသူများထဲမှ ဓားစာခံနှစ်ဦးလည်း ဦးခေါင်း၌ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယိုခရုဇ်က ပြောခဲ့သည်။

ဂွါတီမာလာစီးတီး အရှေ့ဖက်ရှိ စိန့်ဂျိုးပင်နုလာမြို့က Stage 2 ယောင်္ကျားလေး ထိန်းသိမ်းရေးစင်တာ အပြင် ဘက်တွင် ရှိနေခဲ့သော သတင်းထောက်များက လက်နက်ကိုင်ထားသော ရဲအရာရှိများသည် သံဆူးကြိုးများ ဖြင့် ခြံခတ်ထားသော အပြာနှင့်အဖြူရောင် အဆောက်အဦးထဲသို့ စီးနင်းဝင်ရောက်ခဲ့ပြီး အခြားအရာရှိများက ခေါင်မိုးပေါ်၌ နေရာယူထားသည်ကို မြင်ခဲ့ရကြောင်း ပြောခဲ့သည်။

သမ္မတ ဂျင်မီမိုရေးလ်က တွစ်တာပေါ်၌ “ ဘုရားသခင်နှင့်တကွ လျင်လျင်မြန်မြန်နှင့် ကျင်လည်စွာ စီးနင်း နိုင်ခဲ့သော ဂွါတီမာလာ နိုင်ငံတော်ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်” ဟု ရေးသားခဲ့သည်။

အစောပိုင်း၌ အရာရှိများက Stage II လူငယ်ထိန်းသိမ်းရေးစင်တာမှ အကျဉ်းသားများ၏ လက်ချက်ကြောင့် အစောင့်နှစ်ဦး အသတ်ခံခဲ့ရပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြောခဲ့သည်။ ဒဏ်ရာရရှိခဲ့သော ငါးဦးထဲမှ တစ်ဦး သည် လွတ်မြောက်လာခဲ့ပြီး ပြီးခဲ့သော တနင်္လာနေ့က ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly